CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၀

ပရီးမီးယားလိဂ်ကလပ် ဝုလ်ဗ်စ်အသင်းဟာ ကစားသမားဟောင်းဖြစ်သူ ရော့ဘ်အက်ဒ်ဝါဒ့်ကို နည်းပြသစ်အဖြစ် ၃ နှစ်ခွဲစာချုပ်နဲ့ ခန့်အပ်ဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။

ဘာမင်ဂမ်အသင်းနဲ့ ချန်ပီယံရှစ်ပွဲစဉ် မတိုင်မီမှာ မယ်ဒယ်ဘရော့အသင်း နည်းပြရာထူးကနေ ထွက်ခွာခဲ့တဲ့ ရော့ဘ်အက်ဒ်ဝါဒ့်အတွက် ဝုလ်ဗ်စ်အသင်းဟာ မယ်ဒယ်ဘရော့အသင်းကို လျော်ကြေးပေါင် ၃ သန်းပေးဖို့ သဘောတူညီခဲ့ပါတယ်။ 

မယ်ဒယ်ဘရော့အသင်းဟာ ပြီးခဲ့တဲ့ဇွန်လကမှ နည်းပြသစ်အဖြစ် ခန့်အပ်ထားတဲ့ ရော့ဘ်အက်ဒ်ဝါဒ့်အတွက် ဝုလ်ဗ်စ်အသင်းရဲ့ အစောပိုင်း ချဉ်းကပ်မှုတွေကို ငြင်းပယ်ခဲ့ပြီး ဝုလ်ဗ်စ်အသင်းဟာ ပရီးမီးယားလိဂ် စည်းမျဉ်း တွေကို ချိုးဖောက်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဒါပေမယ့် အက်ဒ်ဝါဒ့်ကတော့ အသင်းဟောင်း ဝုလ်ဗ်စ်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ဆန္ဒရှိကြောင်း ပြောခဲ့တာပါ။ 

အက်ဒ်ဝါဒ့်ဟာ သူ့ရဲ့လက်ထောက် နည်းပြနဲ့ အခြားနည်းပြ အဖွဲ့ဝင်အကြောင်း အပါအဝင် ဝုလ်ဗ်စ်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဝုလ်ဗ်စ်အသင်းကို တွေ့ရစဉ် 

ဝုလ်ဗ်စ်အသင်းဟာ အက်ဒ်ဝါဒ့်အတွက် ဇန်နဝါရီမှာ ကစားသမားသစ်တွေ ခေါ်ယူပေးဖို့ ရှိနေပြီး အသင်း တန်းဆင်းရမယ့် အခြေအနေကနေ လွတ်မြောက်ဖို့အတွက် တိုက်စစ် ကစားသမားတွေ အားဖြည့်ပေးရဖို့ ရှိနေတာပါ။

မယ်ဒယ်ဘရော့အသင်း ပရိသတ်တွေကတော့ အက်ဒ်ဝါဒ့်အသင်းကနေ ထွက်ခွာမှုအပေါ် ဒေါသထွက်နေတဲ့ သူတို့ရဲ့ ခံစားချက်တွေကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပါတယ်။

မယ်ဒယ်ဘရော့အသင်းဟာ ချန်ပီယံရှစ်ပြိုင်ပွဲမှာ အဆင့် ၂ နေရာ ရပ်တည်နေပြီး ဝုလ်ဗ်စ်အသင်းကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၂၀ နေရာ ရပ်တည်နေတာပါ။ 

ဝုလ်ဗ်စ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ ပွဲကစားအပြီးမှာ နိုင်ပွဲမရသေးဘဲ ရမှတ် ၂ မှတ်သာ ရရှိထားပါတယ်။

ဝုလ်ဗ်စ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နည်းပြသစ် အက်ဒ်ဝါဒ့် အနေနဲ့ အသင်းကို ဒီရာသီ ပထမဆုံး လိဂ်နိုင်ပွဲရရှိအောင် ကိုင်တွယ်ပေးရဖို့ ရှိနေတာ ဖြစ်ပါတယ်။

Source: Dailymail