CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၀
ဘာစီလိုနာအသင်းက ဆယ်လ်တာဗီဂို အသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်အပြီးမှာ ဘာစီလိုနာ အသင်း တိုက်စစ်မှူး လီဝန်ဒေါစကီးက အလွန်ခက်ခဲတဲ့ပွဲကို အနိုင်ရခဲ့တာကြောင့် ပျော်ရွှင်တယ်လို့ ပြောခဲ့ပါ တယ်။
လီဝန်ဒေါစကီးက “ဒီရာသီရဲ့ ရူးသွပ်စရာကောင်းတဲ့ ပွဲတွေထဲက တစ်ပွဲဖြစ်ပြီး အထူးသဖြင့် ပထမပိုင်းမှာပါ။ ကျနော်တို့ ၃ ဂိုးသွင်းခဲ့ပြီး သူတို့ကို ၂ ဂိုး ခွင့်ပြုခဲ့ရပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ အလွန်ခက်ခဲတဲ့ပွဲကို အနိုင် ရခဲ့တဲ့အတွက် ကျနော် အလွန်ပျော်ပါတယ်။ ဒီပွဲအနိုင်ရရင် ရီးရယ်လ်အသင်းနဲ့ အမှတ်ကွာဟမှုကို လျှော့ချနိုင် မယ်ဆိုတာကို ကျနော်တို့ သိပါတယ်။ ကျနော်တို့ဟာ ဒီအရာတင် မဟုတ်ဘဲ အမြဲတမ်း အဆင်သင့် ဖြစ်ချင်နေ တာပါ။ ကျနော်တို့ ပိုပြီးကောင်းအောင် လုပ်ရမယ်ဆိုတာကို သိပါတယ်”လို့ ပြောခဲ့ပါတယ်။
လီဝန်ဒေါစကီးဟာ ဒီပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် ဟက်ထရစ်ဂိုး သွင်းခဲ့ပြီး နောက်ထပ် သွင်းဂိုးကို ယာမဲလ်က သွင်းယူခဲ့တာပါ။
ယူနိုက်တက်အသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ ရက်ရှ်ဖို့ဒ်ဟာ ဒီပွဲစဉ်မှာ လီဝန်ဒေါစကီး သွင်းယူတဲ့ ၂ ဂိုးကို ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။

ဘာစီလိုနာအသင်း ယှဉ်ပြိုင်နေစဉ်
ဒီပွဲမတိုင်မီ ကစားခဲ့တဲ့ပွဲစဉ်မှာ ရီးရယ်လ်အသင်း သရေကျခဲ့တာကြောင့် ဘာစီလိုနာအသင်းဟာ ရီးရယ်လ် အသင်းနဲ့ အမှတ်ကွာဟမှုကို ၃ မှတ်အထိ လျှော့ချနိုင်ခဲ့ပါတယ်။
လီဝန်ဒေါစကီးဟာ ဒဏ်ရာတွေကြောင့် ဘာစီလိုနာအသင်းအတွက် ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ၄၄၉ မိနစ်သာ ကစားထားရပေမယ့် ၇ ဂိုး သွင်းယူထားတာပါ။
လီဝန်ဒေါစကီးက အသင်းကို သွင်းဂိုးတွေနဲ့ ကူညီပေးနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်သလို ဒီနိုင်ပွဲက လာမယ့်ပွဲတွေ အတွက် အသင်းကို ခွန်အားတွေ ပိုပြီးပေးတယ်လို့ ပြောခဲ့ပါတယ်။
ဒီပွဲပြီးခါနီးမှာ ဘာစီလိုနာအသင်း ကွင်းလယ်လူ ဒီဂျောင်ဟာ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
အဲ့ဒါကြောင့် ဒီဂျောင်ဟာ နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ ကစားမယ့် ဘီလ်ဘာအိုအသင်းနဲ့ပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပြီး ပက်ဒရီကလည်း ပါဝင်ဖို့ မသေချာသေးလို့ ဘာစီလိုနာအသင်းဟာ ကွင်းလယ်ပိုင်း အခက်အခဲနဲ့ ရင်ဆိုင် ရဖွယ်ရှိနေတာ ဖြစ်ပါတယ်။
Source: ESPN
