CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၄

စပိန်ဆယ်ကျော်သက် ယာမဲလ်က သူဟာ ဘာစီလိုနာအသင်းရဲ့ ဂန္ထဝင်ဖြစ်ချင်တာကြောင့် အသင်းကနေ ဘယ်တော့မှ မထွက်ခွာချင်ဘူးလို့ စပိန်ရုပ်သံနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ 

ယာမဲလ်က “ကျနော်ကလပ်မှာ အမြဲတမ်းရှိနေဖို့ မျှော်လင့်ပါတယ်။ ဘာစီလိုနာကနေ ဘယ်တော့မှ မထွက်ခွာ ချင်ဘဲ ကလပ်ရဲ့ဂန္ထဝင်ဖြစ်ချင်ပါတယ်”လို့ ပြောခဲ့တာပါ။ 

ယာမဲလ်ဟာ အသက် ၁၅ နှစ်အရွယ်မှာ ဘာစီလိုနာအသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရခဲ့ပြီး အခုဆိုရင် အသင်းရဲ့အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။ 

ဇူလိုင်လကမှ အသက် ၁၇ နှစ်ပြည့်ခဲ့တဲ့ ယာမဲလ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ စပိန်အသင်းမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာပါ။ 

ယာမဲလ်ကို တွေ့ရစဉ်

ယာမဲလ်ဟာ ဒီလိုခြေစွမ်း ပြသနိုင်မှုတွေကြောင့် ဘာစီလိုနာ အကယ်ဒမီထွက် မက်ဆီနဲ့ နှိုင်းယှဉ်ခံရမှုတွေ ရှိခဲ့ပါတယ်။

ယာမဲလ်က “သမိုင်းမှာ အကောင်းဆုံး ကစားသမားနဲ့ နှိုင်းယှဉ်ခံရတာဟာ မယုံနိုင်စရာဖြစ်ပြီး ဒါက ခင်ဗျား မှန်ကန်တဲ့  အရာတစ်ခုခုလုပ်နေတာကို ဆိုလိုတာပါ။ မက်ဆီရဲ့ ကစားသမားဘဝ အောင်မြင်မှုကိုရဖို့က အလွန် ခက်ခဲပါလိမ့်မယ်။ ဒါကြောင့် ကျနော်ဟာ ယာမဲလ်ဖြစ်ခြင်းအတွက် သတိရလိမ့်မယ်လို့ မျှော်လင့်ကြောင်း”ပြော ခဲ့တာပါ။

ယာမဲလ်ဟာ ဘာစီလိုနာအသင်းအတွက် ၅၅ ပွဲ ကစားထားပြီး ၈ ဂိုး သွင်းယူကာ လာလီဂါဖလား ရယူနိုင်ခဲ့သလို စပိန်အသင်းအတွက် ၁၆ ပွဲ ကစားထားတာမှာ ၃ ဂိုး သွင်းယူထားပြီး ယူရိုချန်ပီယံဆုကို ရယူထားနိုင်တာ ဖြစ်ပါတယ်။

Source: besoccer