CNI Sport News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၇

ဘာစီလိုနာအသင်းကြယ်ပွင့် ယာမဲလ်ဟာ လီဂါနက်စ်အသင်းနဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ခြေချင်းဝတ် အရွတ်ဒဏ်ရာ ကြောင့် အသလက်တီကိုအသင်းနဲ့ လာလီဂါ ပွဲကြီးပွဲကောင်းကို လွဲချော်မှာ ဖြစ်ပါတယ်။ 

အသက် ၁၇ နှစ်အရွယ်ရှိ ယာမဲလ်ဟာ ဘာစီလိုနာအသင်းက လီဂါနက်စ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်ရဲ့ပထမပိုင်းမှာ ဒဏ်ရာရရှိခဲ့ပေမယ့် ပွဲချိန် ၇၅ မိနစ်အထိ ပါဝင်ကစားသွားခဲ့တာပါ။ 

ယာမဲလ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်က ရက်ဒ်စတားဘဲလ်ဂရိတ်အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်တုန်းကလည်း ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့တာကြောင့် ဘာစီလိုနာအသင်းရဲ့ ပွဲစဉ် ၃ ပွဲနဲ့ စပိန်အသင်းရဲ့ ပွဲစဉ် ၂ ပွဲကို လွဲချော် ခဲ့သေးတာ ဖြစ်ပါတယ်။ 

ဘာစီလိုနာအသင်းဟာ လီဂါနက်စ်အသင်းနဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ယာမဲလ်ရဲ့ ဒဏ်ရာ အခြေအနေကို စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တာမှာ ခြေချင်းဝတ်အရွတ်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။ 

အဲဒါကြောင့် ယာမဲလ်ဟာ ၃ ပတ်ကနေ ၄ ပတ်ကြာအထိ အနားယူရဖွယ် ရှိနေပါတယ်။ 

ယာမဲလ်ကို တွေ့ရစဉ်

ဘာစီလိုနာအသင်း အတွက်တော့ ယာမဲလ်ရဲ့ ဒဏ်ရာဟာ ထိုးနှက်ချက်ဖြစ်ခဲ့ပြီး သူ့ကို အသလက်တီကို အသင်းနဲ့ ပွဲစဉ်မှာ အသုံးပြုလို့ရတော့မှာ မဟုတ်ပါဘူး။ 

ယာမဲလ်ဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ၂၁ ပွဲ ပါဝင်ကစားထားပြီး ၆ ဂိုးသွင်းယူကာ ၁၂ ဂိုး ဖန်တီးထား တာပါ။ 

ဘာစီလိုနာအသင်းနဲ့ အသလက်တီကိုအသင်းတို့ဟာ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ရမှတ်တူညီနေပြီး အသလက်တီကို အသင်းက ၁ ပွဲကစားဖို့ ကျန်ရှိနေသေးပါတယ်။

ဘာစီလိုနာအသင်းဟာ အသလက်တီကို အသင်းနဲ့ပွဲပြီးရင် လာလီဂါရဲ့ ဆောင်းရာသီ အားလပ်ရက်ကြောင့် အနားရရှိမှာဖြစ်ပြီး ဇန်နဝါရီ ၄ ရက်မှ ကိုပါဒယ်ရေးဖလား ပွဲစဉ်အဖြစ် ဘာဘာစထရိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ 

ဘာစီလိုနာအသင်းဟာ ဇန်နဝါရီ ၈ ရက်မှာ စပိန်စူပါကိုပါ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဆော်ဒီနိုင်ငံကို သွားရောက် ကာ ဘီလ်ဘာအိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: ESPN