CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၄

နယ်သာလန်ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ယူနိုက်တက်အသင်းမှာ ဆိုးရွားတဲ့ ကစားသမားဘဝကို ဖြတ်သန်း ခဲ့ရပေမယ့် အသင်းဟောင်းကို ဝေဖန်မှုပြုလုပ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဗန်ဒီဘိခ်က “ယူနိုက်တက်နဲ့ ပတ်သက်ပြီး ဆိုးတဲ့စကား တစ်ခွန်းမှ မရှိပါဘူး။ ကျနော် အများကြီး မကစားခဲ့ရပေ မယ့် အများကြီး သင်ယူခဲ့ရပါတယ်။ ကျနော့် ပတ်ဝန်းကျင်မှာ ကစားသမားကောင်းတွေနဲ့ ကလပ်အတွင်းက ကောင်းမွန်တဲ့ လူတွေပါ။ ဒီလိုအရာတွေကို အနာဂတ်အတွက် ကျနော်နဲ့အတူ သယ်ဆောင်သွားမှာပါ”လို့ ESPN ကို ပြောခဲ့တာပါ။ 

ဗန်ဒီဘိခ်ဟာ ဒီနွေရာသီမှာ ယူနိုက်တက်အသင်း ကစားသမားဘဝကို အဆုံးသတ်ပြီး စပိန်ကလပ် ဂျီရိုနာအသင်း ထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ 

၂၀၁၉ ခုနှစ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်တက်နိုင်ခဲ့တဲ့ အေဂျက်စ်အသင်းရဲ့ အစုအဖွဲ့ထဲမှာ ပါဝင်ခဲ့တဲ့ ဗန်ဒီဘိခ်ဟာ ၂၀၂၀ ခုနှစ်နွေရာသီမှာ ယူနိုက်တက်အသင်းထံ ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။ 

ဗန်ဒီဘိတ်ခ်ကို တွေ့ရစဉ်

ဒါပေမယ့် ဗန်ဒီဘိခ်ဟာ ယူနိုက်တက်အသင်းမှာ သူ့ရဲ့ကစားသမားဘဝ အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိခဲ့ ပြီး ၆၂ ပွဲ ပါဝင်ကစားကာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ 

ဗန်ဒီဘိခ်ဟာ ယူနိုက်တက်အသင်းမှာ ကစားချိန်အတွင်း အဲဗာတန်နဲ့ ဖရန့်ဖတ်အသင်းတွေမှာလည်း အငှား သွားရောက် ကစားခဲ့ရတာပါ။ 

ဗန်ဒီဘိခ်ဟာ ယူနိုက်တက်အသင်းမှာ ရုန်းကန်ခဲ့ရပေမယ့် အသင်းဟောင်းနဲ့ ပတ်သက်ပြီး ဆိုးရွားတဲ့စကား ပြောစရာမရှိဘူးလို့ အခိုင်အမာပြောခဲ့သလို ဒီလိုအတွေ့အကြုံတွေကနေ သင်ခန်းစာယူသွားမယ်လို့ ပြောခဲ့ ပါတယ်။

ဗန်ဒီဘိခ်ဟာ လက်ရှိအချိန်မှာ ဂျီရိုနာအသင်းကို အကောင်းဆုံး ကူညီနိုင်ဖို့အတွက် အလုပ်ကို ကြိုးစားပြီး လုပ်ဆောင်နေတာပါ။ 

ဗန်ဒီဘိခ်ဟာ ဂျီရိုနာအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။

Source: Dailymail