CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၆

အာဆင်နယ်အသင်းနည်းပြ အာတီတာက စပါးအသင်းကို အနိုင်ရခဲ့တဲ့ မြောက်လန်ဒန်ဒါဘီ ပွဲစဉ်မတိုင်ခင်မှာ သူဟာ အသင်းရဲ့ ကစားသမားရရှိနိုင်မယ့် အခြေအနေကြောင့် လူစာရင်းရွေးချယ်မှုမှာ အိပ်ရေးပျက်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။

အာတီတာက “ကျနော်ဟာ အိပ်ရေးပျက်ခဲ့ရတာကြောင့် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တာမှာ ပျော်ရွှင်ခဲ့ခြင်း မရှိပါဘူး။ ကျနော်ဟာ စပါးအသင်းနဲ့ပွဲအတွက် ၅ ရက်လောက် ပြင်ဆင်ခဲ့ပေမယ့် ကစားသမား တစ်ဦးပြီးတစ်ဦးကို ဆုံးရှုံး ခဲ့ရပါတယ်။ အဲဒါကြောင့် ကျနော်ဟာ ပြင်ဆင်မှုတွေကို ပြန်ပြောင်းလဲခဲ့ရပြီး အသုံးပြုလို့ရနိုင်မယ့် ကစားသမား တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ခဲ့ရပါတယ်။ ဒါက ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ခဲ့ပြီး ဒါကို ကျနော်တို့ ရင်ဆိုင် ခဲ့ကာ ပွဲကိုအနိုင်ရအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ဒီပွဲမှာ နောက်ခံလူ ဂါဘီရယ်လ်ရဲ့ သွင်းဂိုးကြောင့် စပါးအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင် ရရှိခဲ့တာပါ။

အဲဒါကြောင့် အာဆင်နယ်အသင်းဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စပါး အသင်းကို သူတို့ရဲ့အိမ်ကွင်း ၃ ပွဲဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့တာပါ။ 

အာဆင်နယ်အသင်းဟာ စပါးအသင်းနဲ့ပွဲ မတိုင်ခင်မှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဒီကလန်ရိုက်စ်က ပွဲပယ်၊ အသင်းခေါင်းဆောင် အိုဒီဂတ်၊ ကာလာဖီအိုရီနဲ့ မယ်ရီနိုတို့က ဒဏ်ရာ ရရှိနေခဲ့တာကြောင့် နည်းပြ အာတီတာ အတွက် လူစာရင်းရွေးချယ်မှုမှာ အခက်အခဲတွေ ဖြစ်ခဲ့ရပါတယ်။

အာဆင်နယ်အသင်းကို တွေ့ရစဉ်

ဒါပေမယ့် အာဆင်နယ်အသင်းဟာ စပါးအသင်းကို အနိုင်ရပြီး အဆင့် ၁ နေရာမှာ ရပ်တည်နေတဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းနဲ့ ၂ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်ကာ ဆက်ပြီး ဖိအားပေးနိုင်ခဲ့တာပါ။ 

စပါးအသင်းနဲ့ပွဲမှာ အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဆာကာကလည်း ဒဏ်ရာပြဿနာ ရှိခဲ့ပြီး နည်းပြ အာတီတာအတွက် နောက်ထပ် စိုးရိမ်စရာ ဖြစ်ခဲ့ရပါတယ်။ 

ဆာကာဟာ ပွဲကို ဆက်ကစားနိုင်ခြင်း မရှိတော့လို့ လူစားလဲခဲ့ရတယ်လို့ စပိန်လူမျိုးနည်းပြက ပြောခဲ့တာပါ။ 

အာဆင်နယ်အသင်းဟာ ပွဲကြီးပွဲကောင်းတွေကို ဆက်တိုက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ကြားရက်ထဲမှာ အတ္တလန်တာ အသင်းနဲ့ ချန်ပီယံလိဂ်၊ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: ESPN