CNI News

၂၀၂၂ခုနှစ်၊ ဖေ‌ဖော်ဝါရီ ၁

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ကျောက္ကာ-မုံရွာလမ်း ဆေးဆိုးပန်းရိုက်စက်ရုံအနီးတွင် ယနေ့(ဖေ‌ဖော်ဝါရီ ၁ ရက်)၌ ခရီးသည် မော်တော်ယာဉ်တစ်စီး မိုင်းထိ၍ ယာဉ်ပေါ်တွင်လိုက်ပါသူ ယာဉ်မောင်း အပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာမြို့)မှ ပြောသည်။

                                                      ၂၀၂၂ ခုနှစ်၊ ဖေ‌ဖော်ဝါရီ ၁ ရက် ကျောက္ကာ-မုံရွာလမ်းတွင် မိုင်းထိခဲ့သည့် ခရီးသည်တင်ယာဉ်ပေါ်လိုက်လာသူများ ဒဏ်ရာရရှိသွားခဲ့စဉ်

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာမြို့ )မှ တာဝန်ရှိသူတစ်ဦးက “ရွှေဘို- အရာတော်- မုံရွာ လိုင်းကား။ ခရီးသည်နှစ်ဦးနဲ့ ဒရိုင်ဘာတစ်ယောက် စပယ်ယာတစ်ယောက်ပေါ့နော်၊ စုစုပေါင်း ကား‌ပေါ်မှာ ၄ ယောက်ပါလာတယ်။ ကားကတော့ တော် တော် စုတ်သွားတယ်။ ဒရိုင်ဘာကတော့ တင်ပါးရယ်၊ ခြေထောက်ရယ်၊ ကျောရယ်ထိတယ်။ စပယ်ယာကတော့ ခြေထောက် ထိတယ်။ ခရီးသည် နှစ်ဦးကလည်း ခြေထောက်ပဲ ထိတယ်။ ခရီးသည်နဲ့ စပယ်ယာကတော့ သိပ်တော့ မစိုးရိမ်ရဘူးပေ့ါ။ ဒရိုင်ဘာ တစ်ယောက်ပဲ နည်းနည်းလေး ထိတာများတာပေါ့။ သူတို့ကို မေးကြည့်တာပေါ့နော်။ လမ်းမ ဖြတ်မောင်းတုန်း အုန်းကနဲ အသံပဲကြားလိုက်တယ်လို့ပဲ သူတို့က ပြောတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။