CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နမ့်တောကျေးရွာမှ ဒေသခံများ သွားလာလှုပ်ရှားမှု မရှိဘဲ ရှင်းလင်း နေသည်ကို ယနေ့(ဖေဖော်ဝါရီ ၁ ရက်) အသံတိတ်သပိတ်နေ့မှ တွေ့ရသည်။
တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရအား ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေးကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ်အခြေအနေ တစ်နှစ်ကြေညာခဲ့သည်။
ထို့နောက် ၂၀၂၂ ခုနှစ်၊ဇန်နဝါရီ ၃၁ ရက်က အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပ၍ နောက်ထပ် အရေးပေါ် အခြေအနေကို ၆ လသက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ကြသည်။
ထို့ကြောင့် ဒီမိုကရေစီအင်အားစုက နစက၏ အုပ်ချုပ်ရေးကို လက်မခံသည့် သဘောပြသည့်အနေဖြင့် အသံတိတ်သပိတ် ဟုခေါ်သော အိမ်ထဲမှာနေ အပြင်မထွက်ခြင်းနှင့် ဈေးဆိုင်များပိတ်ခြင်းတို့ကို ဆောင်ရွက်ရန် နှိုးဆော်ထားသည်။