CNI International News

တိုကျို၊ ဇွန်လ ၂၉

လက်ရှိ ဖြစ်ပွားနေသော ရုရှား-ယူကရိန်း စ-စ်ပွဲသည် ကမ္ဘာတစ်ဝန်းရှိ စစ်ရေးဗျူဟာမြောက် လေ့လာသူများ အတွက် ခေတ်သစ်စ-စ်ပွဲ၏ အလှည့်အပြောင်းများကို စောင့်ကြည့်ရမည့် ကွင်းပြင်တစ်ခု ဖြစ်လာခဲ့ကြောင်း Nikkei Asia မှ ဖော်ပြထားသည်။

အထူးသဖြင့် အာရှဒေသတွင်း စ-စ်ရေးအင်အား ချဲ့ထွင်နေသည့် တရုတ်နှင့် မြောက်ကိုရီးယား နိုင်ငံတို့သည် ယူကရိန်းစ-စ်မြေပြင်တွင် အသုံးပြုနေသည့် ဒရုန်းများ၊ အီလက်ထရွန်နစ် စ-စ်ဆင်ရေးနှင့် ဂြိုဟ်တု ဆက်သွယ်ရေး နည်းပညာများ၏ အခန်းကဏ္ဍကို အလေးထား လေ့လာလျက်ရှိကြောင်း စစ်ရေးလေ့လာသူများက ပြောကြားခဲ့ သည်။

ယူကရိန်းစ-စ်ပွဲတွင် ကုန်ကျစရိတ် သက်သာသည့် ဒရုန်းများကို အသုံးပြုပြီး ဒေါ်လာသန်းချီ တန်ဖိုးရှိသော သံချပ်ကာ ကားများနှင့် စ-စ်သင်္ဘောများကို ဖျက်ဆီးနိုင်ခြင်းက စ-စ်ရေးဗျူဟာမြောက် အတွေးအခေါ်များကို တော်လှန်ပြောင်းလဲပစ်ခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အနေဖြင့် ထိုင်ဝမ်ရေလက်ကြား ပဋိပက္ခ ဖြစ်ပွားလာပါက အဆိုပါ နည်းပညာများကို အသုံးချရန်အတွက် ယူကရိန်းစ-စ်ပွဲမှ သင်ခန်းစာများကို လေ့လာနေသလို မြောက်ကိုရီးယား နိုင်ငံကလည်း ၎င်း၏ သမားရိုးကျ စ-စ်အင်အားတွင် ဟာကွက်များကို ဖြည့်ဆည်းရန်အတွက် ဒရုန်းနည်းပညာနှင့် ဆိုက်ဘာစ-စ်ဆင်ရေးဆိုင်ရာ သင်ခန်းစာများကို အသည်းအသန် လေ့လာနေသည်။

စ-စ်ပွဲအတွင်း နည်းပညာများ တိုးတက်လာမှုသည် အရပ်ဘက် ကဏ္ဍများသို့ ကူးစက်လာလေ့ရှိသော်လည်း၊ လက်ရှိတွင်မူ  တရုတ်နှင့် မြောက်ကိုရီးယားသည် ယူကရိန်းစ-စ်ပွဲ အတွင်းမှ ရရှိသော သင်ခန်းစာများကို အခြေခံပြီး ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်သည့် စ-စ်ရေး အဆင့်မြှင့်တင်မှုများကို ပိုမိုလုပ်ဆောင် လာမည့်အရေးကို အနောက်အုပ်စု စ-စ်ရေးကျွမ်းကျင်သူများက စိုးရိမ်လျက်ရှိကြသည်။

ဒရုန်းနည်းပညာကို တွေ့ရစဉ်

ခေတ်သစ်စ-စ်ပွဲများသည် ရက်ပိုင်းအတွင်း မပြီးဆုံးဘဲ လနှင့်ချီ၊ နှစ်နှင့်ချီ ကြာမြင့်တတ်ကြောင်း ယူကရိန်းစ-စ်ပွဲ က ပြသနေသည်။

ထို့ကြောင့် အမြောက်ကျည်နှင့် ခဲယမ်းမီးကျောက် ထုတ်လုပ်နိုင်မှုစွမ်းရည်သည် အရေးအကြီးဆုံး ဖြစ်လာသည်။

မြောက်ကိုရီးယားသည် ရုရှားထံ လက်နက်ခဲယမ်းများ ထောက်ပံ့ပေးနေပြီး တစ်ချိန်တည်းမှာပင် ၎င်းတို့၏ စ-စ် လက်နက် ထုတ်လုပ်ရေး စက်ရုံများကို အဆက်မပြတ် ထုတ်လုပ်နေကာ စ-စ်ပွဲကာလအတွင်း လက်နက် ထောက်ပံ့ရေး စွမ်းဆောင်ရည်များကို စမ်းသပ်လေ့ကျင့်နေသည်။

ထို့ကြောင့် အမေရိကန်နှင့် ၎င်း၏ အာရှမဟာမိတ်များဖြစ်ကြသော ဂျပန်နှင့် တောင်ကိုရီးယားတို့သည်လည်း ပြောင်းလဲလာသည့် စစ်ရေးမဟာဗျူဟာများကို တန်ပြန်နိုင်ရန် ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို ပိုမိုတိုးမြှင့် လုပ်ဆောင်လာကြသည်။

တရုတ်နှင့် မြောက်ကိုရီးယားတို့၏ စ-စ်ရေး သင်ခန်းစာ ယူမှုများသည် အရှေ့အာရှဒေသတွင်း လက်နက်ပြိုင်ဆိုင် မှုကို ပိုမိုပြင်းထန်လာစေမည့် အလားအလာ ရှိနေသည်။

ရလဒ်အနေဖြင့် ယူကရိန်းစ-စ်မြေပြင်မှ ထွက်ပေါ်လာသော နည်းပညာ စိန်ခေါ်မှုများသည် ကမ္ဘာ့အခြားတစ်ဖက်ရှိ အာရှ-ပစိဖိတ်ဒေသ၏ လုံခြုံရေး အခင်းအကျင်းကိုပါ ရိုက်ခတ်ပြောင်းလဲလျက် ရှိနေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: Nikkei Asia