CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၁၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၈၊ ပုဒ်မခွဲ (က)၊ ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (င) နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၃ တို့အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၀ ရက်တွင် အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည်။
အဆိုပါ ပုဂ္ဂိုလ်များမှာ ဥက္ကဋ္ဌ ဦးသန်းစိုး၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မိုးမြင့်၊ ဦးအောင်လွင်ဦး၊ ဦးမြင့်ဦး၊ ဦးခင်မောင်ဦး၊ ဦးမြင့်သိန်း၊ ဦးကိုကိုလွင်၊ ဦသန်းအောင်ကျော်၊ ဦးခင်ဇော်၊ ဦးသန်းထွတ်သိန်း၊ ဦးအောင်မြင့်လွင်၊ ဦးခင်မောင်ကြီး၊ ဦးမျိုးမောင်၊ ဦးကြည်သိန်း၊ ဒေါ်ခင်သင်းဝေ တို့ဖြစ်သည်။
