CNI News

၂၀၂၆ ခုနှစ်၊ ဧပြီ ၇

မြန်မာနိုင်ငံတွင် မကြာခင် ပေါ်ပေါက်လာမည့် အစိုးရသစ် လက်ထက်၌ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန် ကြီး၊ နယ်စပ်ရေးရာဝန်ကြီး စသည့် ဝန်ကြီးဌာန ၃ ခုကို မည်သည့်ပုဂ္ဂိုလ်များ ကိုင်တွယ်မလဲ အမည်စာရင်းများ ထွက်ပေါ်လာပြီးဖြစ်သည်။

၂၀၂၆ ခုနှစ်၊ ဧပြီ ၇ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ရွေး‌ကောက်တင်မြှောက်ခံ ထားရသည့် သမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြည်ထောင်စုဝန်ကြီး ၃၀ ဦးကို နာမည်စာရင်း တင်သွင်း ခဲ့သည်။

အဆိုပါ နာမည်စာရင်းတွင် တပ်မတော်(လေ)ချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေကို လည်းကောင်း၊ နယ်စပ်ရေးရာ ဝန်ကြီးအဖြစ် လက်ရှိ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဘုန်းမြတ်ကို လည်းကောင်း အဆိုပြု တင်သွင်းခဲ့ သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ကြေညာခဲ့သည်။

ထိုဝန်ကြီးဌာန သုံးခုကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ခန့်အပ်ပိုင်ခွင့် ပေးထားခြင်း ဖြစ်သည်။