CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၆
မြန်မာနိုင်ငံတွင် မကြာမီ ပေါ်ပေါက်လာမည့် အစိုးရသစ်လက်ထက်၌ ဝန်ကြီး ၃၀ ဦးနှင့် ဝန်ကြီးဌာန ၃၁ ခုကို ဖွဲ့စည်းသွားမည်ဟု နိုင်ငံတော်သမ္မတက အဆိုတင်သွင်းခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၆ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ နိုင်ငံတော်သမ္မတက အောက် ပါအတိုင်း ဝန်ကြီးဌာန ၃၁ ခုကို အဆိုပြု တင်ပြခဲ့သည်။
အဆိုပါ ဝန်ကြီးဌာနများမှာ (၁) နိုင်ငံတော်သမ္မတရုံး၊ (၂) အမျိုးသားစီမံကိန်းရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ (၃)နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ (၄) ပို့ဆောင်ရေးဝန်ကြီးဌာန ၊ (၅) ဒစ်ဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ (၆) ကာကွယ်ရေးဝန်ကြီးဌာန၊ (၇) ပြည်ထဲရေးဝန်ကြီးဌာန၊ (၈) နိုင်ငံခြားရေးဝန်ကြီးဌာန၊ (၉) ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ (၁၀) နယ်စပ်ရေးရာဝန်ကြီးဌာန၊ (၁၁) တိုင်းရင်း သား လူမျိုးများရေးရာဝန်ကြီးဌာန၊ (၁၂) ဥပဒေရေးရာဝန်ကြီးဌာန၊ (၁၃) ပညာရေးဝန်ကြီးဌာန၊ (၁၄) သိပ္ပံနှင့်နည်း ပညာ ဝန်ကြီးဌာန၊ (၁၅) ကျန်းမာရေးဝန်ကြီးဌာန၊ (၁၆) အမျိုးသမီးရေးရာဝန်ကြီးဌာန၊ (၁၇) ပြန်ကြားရေးဝန်ကြီး ဌာန၊ (၁၈) သာသနာရေးဝန်ကြီးဌာန တို့ဖြစ်သည်။

ထို့နောက် (၁၉) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ (၂၀) သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ (၂၁) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ (၂၂) လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ (၂၃) စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၊ (၂၄) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ (၂၅) အလုပ်သမားဝန်ကြီးဌာန၊ (၂၆) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ (၂၇) အားကစားရေးရာဝန်ကြီးဌာန၊ (၂၈) လူငယ်ရေးရာ ဝန်ကြီးဌာန၊ (၂၉) ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ (၃၀) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ (၃၁) ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ဖြစ်သည်။
အဆိုပါ ဝန်ကြီးဌာန ၃၁ ခုအနက် ဟိုတယ်-ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ကို ၂ ခုပေါင်း၍ ဝန်ကြီး ဌာန ၁ ခုအဖြစ် ပေါင်းစည်းထားကြောင်း တွေ့ရသည်။
