CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၅

မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသည့် သမ္မတ ဦးမင်းအောင်လှိုင်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ရာထူးတာဝန် လွှဲပြောင်းပေးအပ်ခံရသော ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ကို ဂုဏ်ပြု ဝမ်းမြောက်ကြောင်း နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)အဖွဲ့က ၂၀၂၆ ခုနှစ်၊ ဧပြီ ၅ ရက်တွင် သဝဏ်လွှာပေးပို့ခဲ့သည်။

သမ္မတကြီးသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံတော် သာယာဖွံ့ဖြိုးတိုးတက်ရေး စသည့်များစွာသော လုပ်ငန်းစဉ်များအား အောင် မြင်စွာ လုပ်ဆောင်ပေးနိုင်ခဲ့ပါသည်ဟု NSCN-K/AM က သမ္မတ ဦးမင်းအောင်လှိုင်ထံ ပေးပို့သော သဝဏ်လွှာ တွင် ပြောကြားထားသည်။

NSCN-K/AM က “ ကျနော်တို့၏ အဖွဲ့အစည်း နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-K/Ang Mai)သည် ငြိမ်း ချမ်း ဖွံ့ဖြိုးတိုးတက်သော လမ်းစဉ်ကို လျှောက်လမ်းရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းရင်းသား တန်းတူညီမျှ ရေး၊ စည်းလုံးညီညွတ်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်ရေးကို ဆက်လက် ထိန်းသိမ်းသွားမည်”ဟု ပြောသည်။

ထို့နောက် ပြည်ထောင်စုအစိုးရနှင့် ငြိမ်းချမ်းသော ဆွေးနွေးညှိနှိုင်းမှုမှတဆင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ အမျှော်အမြင်ကြီးမားသော သမ္မတကြီး၏ စနစ်တကျ လုပ်ဆောင်မှုအောက်တွင် မြန်မာနိုင်ငံသည် ပိုမို ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံတော်တည်ငြိမ်မှု၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုတို့ကို အမြန်ဆုံး အကောင်အထည်ဖော် ရရှိလိမ့်မည်ဖြစ်ကြောင်း ယုံကြည်ပါသည်ဟု NSCN-K/AM အဖွဲ့က သမ္မတ ဦးမင်းအောင်လှိုင်ထံ သဝဏ်လွှာပေး ပို့၍ ပြောကြားခဲ့သည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ နိုင်ငံတော်သာယာဖွံ့ဖြိုးတိုးတက်ရေး စသည့်များစွာသော လုပ်ငန်းစဉ်များအား အောင်မြင်စွာ လုပ် ဆောင်ပေးနိုင်မည်ဟု ယုံကြည်ပါသည်ဟု NSCN-K/AM အဖွဲ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးထံ သဝဏ်လွှာပေးပို့၍ ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်အတူ မိသားစုများအားလုံး ကျန်းမာပါစေကြောင်းနှင့် မြန်မာနိုင်ငံ၏ ခေတ်သစ် တပ်မတော် အခန်းကဏ္ဍကို တိုးတက်မြင့်မားစေပြီး ဒေသတွင်း လုံခြုံရေး၊ တည်ငြိမ် အေးချမ်းသာယာရေးတို့အား ပိုမို ဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သ အပ်ပါသည်ဟု NSCN-K/AM အဖွဲ့က သဝဏ်လွှာပေးပို့ခဲ့သည်။

NSCN-K/AM အဖွဲ့သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းမှာ အခြေစိုက် လှုပ်ရှားလျက်ရှိသော နာဂလက်နက်ကိုင်ဖြစ်သည်။

NSCN-K/YA အဖွဲ့ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂ ရက်တွင် အန်းမိုင် ဦးဆောင်၍ NSCN-K/AM အဖွဲ့ကို ထူထောင်ခဲ့ ခြင်းဖြစ်သည်။