CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)အဖွဲ့မှ ခေါင်းဆောင် နိုင်လင်း(ခေါ်) ဗိုလ်နဂါးနှင့် ၎င်း၏ မိသားစုဝင်များသည် လက်နက်၊ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း နေပြည်တော်က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

‌ဗိုလ်နဂါးနှင့် ၎င်း၏ မိသားစုဝင်များသည် ယနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) ညနေ ၄ နာရီ ၅၀ မိနစ်ခန့်က လက်နက်မျိုးစုံ ၆ လက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်အတွင်းရှိ တပ်မတော် စစ်စခန်း တစ်ခုထံ လာရောက် အလင်းဝင်ခဲ့ခြင်းဖြစ်သည်။

NUG လက်အောက်ခံ ယင်းမာပင်ခရိုင်တပ်ရင်းများသည် BNRA ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်ကတည်းက ပုလဲမြို့နယ်အတွင်းမှာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

ထို့နောက် BNRA ရဲ‌ဘော် ၁၀ ဦးကျော် သေဆုံးခဲ့သလို ၉ ဦး ဖမ်းဆီးခံခဲ့ရပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းခံခဲ့ရ သည်။

ထိုအခြေအနေအတွင်း BNRA ခေါင်းဆောင် ဗိုလ်နဂါးသည် တပ်မတော်ထံ အလင်းဝင်ရောက်ခဲ့ ခြင်းဖြစ်သည်။