CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော 7 EAO Alliance သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်က အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ကြသည်။
အဆိုပါ အစည်းအဝေးတွင် လက်ရှိ ဖြစ်ထွန်းနေသော နိုင်ငံရေး-စစ်ရေး အခြေအနေများ၊ နိုင်ငံတကာ အခင်း အကျင်းနှင့် ရွေးကောက်ပွဲအလွန် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့် အလားအလာများကို သုံးသပ်ဆွေးနွေးခဲ့ကြသည်ဟု ဇန်နဝါရီ ၂၈ ရက်က ထုတ်ပြန်ခဲ့သည်။

ထို့နောက် ထိုအစည်းအဝေးကနေ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု အသွင်ကူးပြောင်းရေးဆိုင်ရာ လမ်းညွှန်မှု များ၊ 7 EAO ၏ မဟာဗျူဟာဆိုင်ရာ ပြန်လည်သုံးသပ်မှုနှင့် ပြင်ဆင်ဆောင်ရွက်မှုများဆိုင်ရာ လမ်းညွှန်မှုများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဥ် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ လမ်းညွန်မှုများကို ချမှတ်ပေးနိုင်ခဲ့ပါသည်ဟု 7 EAO Alliance က ထုတ်ပြန်ခဲ့သည်။
7 EAO Alliance အဖွဲ့တွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ဒီမိုကရေ စီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ ပါဝင်သည်။
