CNI News 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၆

အိန္ဒိယသံရုံးသည် အိန္ဒိယသမ္မတနိုင်ငံ၏ (၇၇) ကြိမ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့တွင်  ရန်ကုန်မြိုရှိ Lotte Hotel တွင် ကျင်းပခဲ့သည်။

ထို အထိမ်းအမှတ် အခမ်းအနားသို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E Mr. Abhay Thakur၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အခြားသံရုံးမှ အကြီးအကဲများ၊ အဖွဲအစည်းအသီးသီးမှ အကြီးအကဲများ၊ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းမှ ကိုယ်စားလှယ်များ၊ လူမှုအသိုက်အ၀န်းမှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။

ထိုပြင်  မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက မိန့်ခွန်း ပြောကြားခဲ့သကဲ့သို နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကလည်း မိန့်ခွန်းပြောကြားခဲ့သည်။