CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၄
အိန္ဒိယအစိုးရ၏ အကူအညီဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗိုလ်မင်းခေါင်လမ်းတွင် စာဆိုဗိမာန် အဆောက်အဦ တစ်ခု ဆောက်လုပ်ခဲ့သည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ စာဆိုဗိမာန် အဆောက်အဦဖွင့်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက်က ဖွင့်လှစ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဝန်ကြီး ချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး အဘ်ဟေး တာကူးရ်နှင့်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အိန္ဒိယအစိုးရသည် စာဆိုဗိမာန် တည်ဆောက်ရေးအတွက် ဒေါ်လာ ၃ ဒသမ ၇ သန်းကျော် အကူအညီပေးအပ်ခဲ့ကြောင်း၊ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ကူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
