CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၀
နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် ပြုလုပ်မည့် ဘင်္ဂါလီအရေးကိစ္စ တရားရုံး ကြားနာပွဲကို မြန်မာကိုယ်စားလှယ်အဖွဲ့အား သမ္မတရုံးဝန်ကြီးဌာန(၂) ဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့်အဖွဲ့က ဦးဆောင် လျှောက်လဲမည်ဖြစ်သည်။
ဝန်ကြီး ဦးကိုကိုလှိုင်နှင့်အတူ ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး လည်း လိုက်ပါသွားကြောင်း၊ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်က နယ်သာလန်နိုင်ငံ သို့ ထွက်ခွာသွားပြီဖြစ်သည်။
ICJ တရားရုံးကြားနားပွဲကို ဇန်နဝါရီ ၁၂ ရက်မှ ဇန်နဝါရီ ၂၉ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံက ဇန်နဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိ တစ်ကြိမ်၊ ဇန်နဝါရီ ၂၈ ရက်မှ ဇန်နဝါရီ ၂၉ ရက်အထိ တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် လျှောက်လဲမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ICJ အမှုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ၂၀၁၇ ခုနှစ်၊ ဩဂုတ် ၂၅ ရက်က ရခိုင်ပြည်နယ်အတွင်းက နယ်ခြားစောင့်တပ် ကင်းစခန်း ၃၀ ကို အာဆာ(ARSA) အကြမ်းဖက်အဖွဲ့က တစ်ပြိုင် တည်း တိုက်ခိုက်ခဲ့ရာမှ စတင်ခဲ့သော လူမျိုးသုဥ်း သတ်ဖြတ်မှု စွပ်စွဲချက်ဖြစ်သည်။
ထိုစွပ်စွဲချက်ကို ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးသုဉ်း သတ်ဖြတ်မှုဖြင့် ICJ တရားရုံးမှာ တရားစွဲဆိုခဲ့ ခြင်းကြောင့် မြန်မာနိုင်ငံမှ ပြန်လည် ဖြေရှင်းနေရခြင်းဖြစ်သည်။
ဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့်အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းကလည်း ICJ မှာ မြန်မာနိုင်ငံ ကိုယ်စား လျှောက်လဲခဲ့သေးသည်။
