CNI News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၉
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးမှာ မီးရှို့သတ်ဖြတ်ခံခဲ့ရသည့် ရုပ်အလောင်း ၃၀ ကျော်ကို ယနေ့ (ဒီဇင်ဘာ ၂၉ ရက်)တွင် ဒေသခံများက မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့သည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၄ ရက်က တပ်မတော်နှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ထွက် ပြေး တိမ်းရှောင်ကြရာမှာ တပ်မတော်က ဖမ်းဆီး၍ မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး နစက ဘက်က တစ်စုံတစ်ရာ ထုတ်ပြန် ဖြေရှင်းခြင်း မရှိသေးပေ။
အဆိုပါ မီးရှို့သတ်ဖြတ်ခံရသည့် ရုပ်အလောင်း ၃၀ ကျော်တွင် အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် Save The Children မှ ဝန်ထမ်း ၂ ဦးလည်း ပါဝင်ကြောင်း ထုတ်ပြန်ခဲ့ကြသည်။