CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၆
“ငြိမ်းချမ်းသော မြန်မာ့အနာဂတ်တည်ဆောက်ခြင်း” အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်နေ့က နေပြည်တော်ရှိ MICCI ခန်းမတွင် ကျင်းပလျက်ရှိသည်။
ထိုအလုပ်ရုံဆွေးနွေးပွဲသို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ညှိနှိုင်းရေးကော်မတီဝင်များ၊ တပ်မတော် အငြိမ်းစားအရာရှိကြီးများ၊ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ထို့ပြင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူများ၊ ပါဝင်သင့်ပါဝင် ထိုက်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ညွှန်ကြား ရေးမှူးချုပ်များလည်း တက်ရောက်ခဲ့ကြသည်။
အလားတူ ပါမောက္ခများ၊ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်း အဖွဲ့အစည်းများ၊ အသင်းအဖွဲ့ ကိုယ်စားလှယ်များ၊ မီဒီယာများနှင့် လေ့လာသူများ တက်ရောက်ကာ အဖွဲ့(၂)ဖွဲ့ခွဲ၍ သော်လည်းကောင်း၊ ပူးပေါင်း၍သော်လည်းကောင်း ဆွေးနွေးလျက်ရှိကြသည်။
“ငြိမ်းချမ်းသော မြန်မာ့အနာဂတ်တည်ဆောက်ခြင်း” အလုပ်ရုံဆွေးနွေးပွဲအား အောက်တိုဘာ ၁၇ ရက်နေ့အထိ ကျင်းပမှာဖြစ်ကြောင်း သိရသည်။