CNI International News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၆

ကမ္ဘောဒီးယားနှင့် ပြုလုပ်ရန် စီစဉ်ထားသည့် ဒေသဆိုင်ရာ နယ်စပ်ရေးရာ ကော်မတီ (RBC) အစည်းအဝေးကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းကြောင်း ထိုင်း၏ အမှတ် ၂ စစ်ဒေသက ကြေညာခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

နယ်စပ်ဒေသတွင် လက်နက်ကြီးများ ပြန်လည် ရုပ်သိမ်းရေးနှင့် မြေမြှုပ်မိုင်းရှင်းလင်းရေး အစီအစဉ်များကို ကမ္ဘောဒီးယားဘက်မှ ရှင်းလင်းတင်ပြရန် ပျက်ကွက်မှုဖြင့် ထိုကဲ့သို့ အစည်းအဝေးအား ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည် ဟု ဆိုသည်။

အမှတ် ၂ စစ်ဒေသ၏ စစ်ဆင်ရေး စတင်တာက ထိုဆုံးဖြတ်ချက်ကို အောက်တိုဘာ ၁၄ ရက် ညပိုင်းတွင် ကြေညာ ခဲ့ ခြင်းဖြစ်ပြီး အောက်တိုဘာ ၁၅ ရက်၌ ထိုင်းနှင့် အင်္ဂလိပ် ဘာသာများဖြင့် ထပ်မံကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်အချက်အရ နယ်စပ်ဒေသတွင် လက်နက်ကြီးများကို နေရာရွှေ့ပြောင်းရေး၊ မြေမြှုပ်မိုင်းများ ရှင်းလင်း ရေး၊ အချိန်ဇယားများနှင့် တည်နေရာများ သတ်မှတ်ရေးတို့နှင့် ပတ်သက်ပြီး ကမ္ဘောဒီးယား၏ အမှတ် ၄ စစ်ဒေသ မှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့ရာတွင် ကမ္ဘောဒီးယားဘက်မှ တိကျသည့် အစီအစဉ်များကို တင်ပြနိုင်ခဲ့ခြင်း မရှိကြောင်း ဖော်ပြခဲ့သည်။

ထိုင်းစစ်တပ်ကို တွေ့ရစဉ် 

ပြီးခဲ့သည့် သီတင်းပတ်က ထိုင်းနှင့် ကမ္ဘောဒီးယားကြား RBC အစည်းအဝေး ၂ ကြိမ် ပြုလုပ်ခဲ့ပြီး မှတ်တမ်းများ လဲလှယ်မှုကို ၄ ကြိမ် ပြုလုပ်ခဲ့သည်။

သို့သော် ကမ္ဘောဒီးယားသည် အထွေထွေနယ်စပ်ရေးရာကော်မတီ (GBC) သဘောတူညီချက်နှင့်အညီ နယ်စပ် ဒေသတွင် စစ်သားများကို နေရာရွှေ့ပြောင်းရေး မြေမြှုပ်မိုင်းများ ထောင်ထားသည့် နေရာများကို ဖော်ပြရေးတို့ အတွက် ရှင်းလင်းတိကျသည့် အဆိုပြုချက်အား တင်ပြခြင်း မရှိသေးကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့ သည်။

GBC သဘောတူညီချက်တွင် နှစ်နိုင်ငံကြား အပြန်အလှန် သဘောတူညီချက်များကို အကောင်အထည်ဖော်ရန် အတွက် RBC အဆင့် နယ်စပ်ပဋိပက္ခဖြေရှင်းရေး ကြေညာချက်ကို ထုတ်ပြန်ရန် အဆိုပြုထားသည်။

သို့သော် ကမ္ဘောဒီးယားဘက်က သတ်မှတ်ထားသည့် အစီအစဉ်ကို တင်ပြရန် ပျက်ကွက်ခဲ့သဖြင့် RBC အစည်း အဝေးကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအမှတ် ၂ စစ်ဒေသက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားဘက်မှ နယ်စပ်တင်းမာမှုများကို လျှော့ချရန် ခိုင်လုံသည့် အဆိုပြုချက် မထုတ်ပြန်မီ အချိန်အထိ အစည်းအဝေးကို ရွှေ့ဆိုင်းထားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Source: ဘန်ကောက်ပို့စ်