CNI International News

ဖနွမ်ပင်၊ ဇူလိုင် ၃၀

ထိုင်းနှင့်ကမ္ဘောဒီးယားကြား ဇူလိုင် ၂၄ ရက်မှ ဇူလိုင် ၂၈ ရက်အထိ နယ်စပ်ဒေသတွင် ၅ ရက်ကြာ ပစ်ခတ် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင် ၂၈ ရက် ညသန်းခေါင်၌ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု စတင် အသက်ဝင်ခဲ့ကာ တိုက်ခိုက်မှုများ ရပ်တန့်သွားခဲ့သည်။

စစ်အင်အားချင်း ယှဉ်ပါက ကမ္ဘောဒီးယားဘက်မှ အားနည်းနေသည့်တိုင် အဘယ်ကြောင့် စစ်ဘောင်ကို ချဲ့ခဲ့ သနည်း ဆိုခြင်းကို မေးခွန်းများ ထွက်ပေါ်နေသည်။

The Nation သတင်းစာတွင်မူ ထိုမေးခွန်းနှင့်ဆက်စပ်သည့် မေးခွန်းများကို လေ့လာသုံးသပ် ဖော်ပြထားသည်။

မေးခွန်း ။        ။ ကမ္ဘောဒီးယားက တိုက်ပွဲကို မြေပြင်နှင့် ရေပြင် နယ်စပ်ဒေသအားလုံး နီးပါးအထိ ပါဝင်စေရန် အဘယ်ကြောင့် စစ်ဘောင်ချဲ့ခဲ့သနည်း။

အဖြေ   ။        ။ ကမ္ဘောဒီးယားသည် ၎င်းပိုင်ဆိုင်ကြောင်း ကြေညာထားသည့် နယ်နိမိတ် အားလုံးတွင် တိုက်ခိုက် မှုများနှင့် တင်းမာမှုများ အရှိန်မြှင်တင်ရန် ရည်ရွယ်ခဲ့ပုံပေါ်သည်။

ထိုအချိန်မျိုးတွင် နိုင်ငံတကာ အသိုင်းအဝိုင်းက နယ်စပ်ပဋိပက္ခကို ပိုမိုအာရုံစိုက် လာလိမ့်မည်ဟု ကမ္ဘောဒီးယား က ယူဆခဲ့သည်။

မလေးရှား၊ ကမ္ဘောဒီးယား၊ ထိုင်း ဝန်ကြီးချုပ်များကိုတွေ့ရစဉ်

မေးခွန်း ။        ။ ကမ္ဘောဒီးယားက ထိုင်းထက် စစ်သားအင်အား၊ လက်နက်အင်အား နည်းပါးနေသည့်တိုင် ပဋိပက္ခကို အဘယ်ကြောင့် အရှိန်မြှင့်ခဲ့သနည်း။

အဖြေ  ။         ။ ကမ္ဘောဒီးယား၏ ရည်ရွယ်ချက်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အာရုံကို ရယူလိုခြင်းဖြစ်ပြီး ကုလသမဂ္ဂက ကြားဝင်ပြီး ကြေညာချက် ထုတ်ပြန်ခြင်း၊ လေ့လာသူများ စေလွှတ်ခြင်းတို့ လုပ်ဆောင်လိမ့်မည်ဟု မျှော်လင့်ခဲ့ဖွယ်ရှိသည်။ 

ဆွေးနွေးမှုများ ပြုလုပ်နိုင်မည်ဆိုပါက ကမ္ဘောဒီးယားသည် နယ်နိမိတ် အငြင်းပွားမှုကို စားပွဲဝိုင်းပေါ်တွင် တင်ပြီး ဖြေရှင်းရန် ရည်ရွယ်ခဲ့သည်။

မေးခွန်း ။       ။ ကမ္ဘောဒီးယား၏ မဟာဗျူဟာမြောက် အစီအစဉ်က ဘာလဲ။

အဖြေ   ။       ။ နယ်စပ်ပဋိပက္ခတွင် ထိုင်းသည် ခံစစ်ထက်၊ ထိုးစစ်ကို ပိုမိုအသုံးပြုခဲ့သည်ဟု ကမ္ဘောဒီးယားက စွပ်စွဲမည်ဖြစ်ပြီး ထိုင်းနိုင်ငံကို အရင် ရန်စ ကျူးကျော်သူအဖြစ် ပုံဖော်ကာ ကမ္ဘောဒီးယားဘက်မှ သံတမန်ရေး အသာစီးရယူရန် စီစဉ်ခဲ့ခြင်းဖြစ်နိုင်သည်။

Source: The Nation