CNI News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ 

နစက-ကသည် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)ကို ပြင်ဆင်ဖွဲ့စည်းကြောင်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပြင်ဆင်ဖွဲ့စည်းလိုက်သည့် NSPNC တွင် ဥက္ကဋ္ဌအဖြစ် ဒုဗိုလ်ချုပ်ကြီးရာပြည့် (နယ်စပ်ရေးရာဝန်ကြီး)က တာဝန်ယူမည်ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် ဒုဗိုလ်ချုပ်ကြီးမင်းနိုင်မှ တာဝန်ယူမည်ဖြစ်သည်။

ထို့နောက် အဖွဲ့ဝင်များအဖြစ် ဗိုလ်ချုပ်အောင်ကျော်ကျော်(ပြည်ထဲရေးဒုဝန်ကြီး)၊ ဒုရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး (ရဲချုပ်)၊ ဗိုလ်မှူးကြီး-၁ ဦး(စရဖချုပ်ရုံး)၊ ဗိုလ်မှူးကြီးဝဏ္ဏအောင် (JMC)၊ ဦးလှမောင်ရွှေ၊ ဒုဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန် (ငြိမ်း)၊ ဒုဗိုလ်ချုပ်ကြီးစိန်ဝင်း(ငြိမ်း/ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့-ဥက္ကဋ္ဌ)၊ ဒုဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်၊ ဦးမြင့် ကြိုင်(လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး)၊ ဦးခင်မောင်ရီ (သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး)၊ တို့က တာဝန်ယူကြမည်ဖြစ်သည်။

NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့်နဲ့ ငြိမ်းချမ်းရေးသံတမန် ဂုရုကို တွေ့ရစဉ်

NSPNC သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရသော ကော်မတီ ဖြစ်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ(NSPCC)မှ ချမှတ်ပေးသော လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ရသည်။

လက်ရှိတွင် NSPNC သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများဖြင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးလျက်ရှိနေသည်။