CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့မရဲစခန်းကို ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်သွားသူများကို လက်နက်ခဲယမ်း များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ယနေ့ (ဒီဇင်ဘာ ၂၂ ရက်)ညပိုင်းက နစကမှ ထုတ်ပြန် သွားခဲ့သည်။

ဖြစ်စဉ်မှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက် ညနေပိုင်းတွင် တောင်ဥက္ကလာပမြို့မရဲခစန်းအနီးသို့ Light Truck အဖြူရောင်ယာဉ် ဖြင့် ရောက်ရှိလာကာ သစ္စာလမ်းဘက်မှနေ၍ ၄၀ မမဗုံးပစ်လောင်ချာဖြင့် ၂ ချက် ပစ်ခတ်ခဲ့ ရာ ဗုံးသီးတစ်လုံးမှာ ရဲစခန်းနှင့် ပေ ၄၀ ခန့်အကွာ သစ္စာလမ်းဘက်ရှိ မိသားစုနေအိမ်လိုင်းခန်းအနီးရှိ ကားပေါ် သို့ ကျရောက်ပေါက်ကွဲခဲ့သည်။

ထိုပေါက်ကွဲမှုကြောင့် လိုင်းခန်းဘေးဈေးဆိုင်တွင် မုန့်စားနေကြည့် အသက် ၇ နှစ်အရွယ် ယောကျ်ားလေး ၁ ဦး၊ အသက် ၂ နှစ်အရွယ် မိန်းကလေး ၁ ဦးနှင့် အသက် ၁ နှစ်ခွဲအရွယ် မိန်းကလေး ၁ ဦး၊ အမျိုးသမီးရဲတပ် ဖွဲ့ဝင် ၁ ဦး အပါအဝင် အမျိုး သမီး ၂ ဦး၊ စုစုပေါင်း ၅ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနိုင် ရေး ပို့ဆောင်စဉ် အသက် ၇ နှစ်အရွယ် ယောကျ်ားလေး ၁ ဦးမှာ ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။

ထို့နောက် ပစ်ခတ်တိုက်ခိုက်သွားသူများကို စုံစမ်းဖော်ထုတ်ရာ မျိုးမြင့်မြတ်အောင်(ခ)မျိုးကြီး၊ ဝေယံထက်(ခ) နိုင်ကြီးတို့ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်အရ ဝင်းဇော်မိုး(ခ)မိုးဟိန်း(ခ)Brain Wave ၏ နေအိမ်၌ တိုက်ခိုက်စဉ်က အသုံးပြု သော လက်နက်များ သိမ်းဆည်းထားသည်ကို သွားရောက် ရှာဖွေစဉ် ၎င်း၏မိဘများ ဖြစ်သော ဦးသူရ(ခ)ဦးကျော်မင်းမင်းကို နှင့် ဒေါ်မိုးမိုးခိုင်(ခ) ဒေါ်မြဝင်းကြည်တို့အား MK-12 သေနတ် ၂ လက်၊ ၎င်းကျည် ၁၁၀ တောင့်၊ SIG SAUER ပစ္စတို ၁ လက်၊ 9MM LUGER ကျည် ၂၅၅ တောင့်၊ ၄၀ မမ ဗုံးသီး ၅ လုံး၊ ကျည်အိမ်မျိုးစုံ ၆ ခု၊ ဒူးကာ ၃ စုံ၊ ဖောက်ခွဲရေးတွင် တွဲဖက်အသုံးပြု သည့် Keypad ဖုန်းမျိုးစုံ ၂၀ လုံး၊ ဓာတ်ခဲမျိုးစုံ ၃၀ လုံး၊ လက်လုပ်ဗုံးဆင်သည့် ဆားကစ်(စ်) ၅၀ ခု၊ 3D GUN Printer ၁ လုံးနှင့် 3D GUN Printe r ဆေးကြိုးခွေ ၁၀ ခွေ၊ Laptop ၁ လုံး၊ မှန်ပြောင်း ၁ လက်၊ မော်တာ ၁ လုံး၊ ငွေသိန်း ၁၀၀ ကျပ်၊ ဓာတ်ငွေ့ ကာ ၁ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

အလားတူ မိုးကျော်သူ(ခ)အာကြီး(ခ)Rock Gyi၊ ကျော်မိုးလွင်(ခ)ကျော်ကြီးတို့ကိုလည်း ထပ်မံ ဖမ်းဆီးရမိခဲ့ ကြောင်း နစက၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ထို့ကြောင့် တောင်ဥက္ကလာပမြို့မရဲစခန်းအား ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်တွင် ဖမ်းဆီးရမိသူ ကျား ၅ ဦး၊ မ ၁ ဦး စုစုပေါင်း ၆ ဦးအား အထက်ပါ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ သည်ဟု နစက-က သတင်း ထုတ်ပြန်ခဲ့သည်။