CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြိုနယ်၊ အမှတ် (၄)ရပ်ကွက်၊ မဲရုံအမှတ် (၃)တွင် မဲဆန္ဒရှင်များ မဲပေးမှု အခြေအနေနှင့်ပတ်သက်ပြီး သတင်းမီဒီယာများကို သတင်းဓာတ်ပုံ မှတ်တမ်းများ ရယူခွင့်မပြုကြောင်း တာဝန်ရှိ သူများက ပြောသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်က ရွေးကောက်ပွဲအပိုင်း(၂)ကို ကျင်းပလျက်ရှိရာ သတင်းမီဒီယာများ သတင်း ရယူ မှတ်တမ်းတင်လျက်ရှိသည်။

ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲသည် ပွင့်လင်းမြင်သာမှုရှိပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရမည်ဟု အာမခံထားသည်။
သို့သော် တောင်ဥက္ကလာပမြို့နယ် အမှတ်(၄)ရပ်ကွက်၊ မဲရုံအမှတ်(၃)ရှိ မဲရုံတာဝန်ရှိသူများကတော့ သတင်း မီဒီယာများကို သတင်းဓာတ်ပုံ မှတ်တမ်းများ ရိုက်ခွင့်မပြုဘဲ တားမြစ်လျက်ရှိသည်။
အဆိုပါ မဲရုံတွင် မဲပေးခွင့်ရှိသူ ၁၉၇၇ ဦးရှိပြီး ၆၀၀ ကျော် မဲလာပေးထားပြီးဖြစ်ကြောင်း သိရသည်။
