CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ မဲရုံ ၁ နှင့် ၂ တို့တွင် မဲဆန္ဒရှင် ပြည်သူများ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက် နံနက် ၁၀ နာရီတွင် မဲလာရောက်ပေးခဲ့ကြသည်။

အဆိုပါ မဲရုံများအနက် မဲရုံ ၁ တွင် မဲပေးခွင့်ရှိသူ ၁၁၉၅ ဦးရှိပြီး နံနက် ၁၀ နာရီ၌ ၂၁၈ ဦး မဲပေးခဲ့သလို မဲရုံ ၂ တွင် မဲပေးခွင့်ရှိသူ ၁၆၆၆ ဦးရှိပြီး နံနက် ၁၀ နာရီ၌ ၃၀၁ ဦး မဲပေးခဲ့ကြောင်း သိရသည်။
