CNI News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြိုနယ်၊ အမှတ် (၅ )ရပ်ကွက်၊ မဲရုံအမှတ် (၇) တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက ပြည်သူလူထုများ ရွေးကောက်ပွဲအပိုင်း(၂)၌ မဲပေးနေကြသည်။

အဆိုပါ မဲရုံတွင် မဲပေးခွင့်ရှိသူ ၁၀၀၀ ကျော်ရှိသည့်အနက် နံနက် ၈ နာရီ ဝန်းကျင်၌ မဲပေးသူဦးရေ ၈၀ ကျော်ရှိပြီး ဖြစ်သည်။

မဲရုံ အမှတ် (၈)တွင် မဲပေးခွင့်ရှိသူ ၇၄၇ ဦးရှိသည့်အနက် ၉၉ ဦးအထိ မဲပေးပြီးကြောင်း သိရသည်။