CNI News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ 

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ကနေ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း(၂)တွင် လာရောက်မဲပေးခဲ့သည်။

ဒေါ်စန္ဒာမင်း လာရောက်မဲပေးခဲ့သည့် မဲရုံမှာ လသာမြို့နယ်၊ အမှတ် (၇)ရပ်ကွက်ရှိ မဲရုံအမှတ်(၁)ဖြစ်သည်။

ဒေါ်စန္ဒာမင်းသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်ကနေ ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံနေခြင်း ဖြစ်သည်။

ဒေါ်စန္ဒာမင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်အဖြစ် ရှိစဉ်က ပြည်သူ့လွှတ်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တို့တွင် လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ယခု ၂၀၂၅ အထွေထွေရွေးကောက်ပွဲ အမျိုးသားဒီမိုကရက်တစ်ပါတီ(NDF)ကနေ ဝင်‌ရောက်ယှဉ်ပြိုင်ရန် ကြိုးပမ်းခဲ့သော်လည်း NDF ပါတီ ဖျက်သိမ်းခံလိုက်ရခြင်းကြောင့် တစ်သီးပုဂ္ဂလအနေဖြင့် ဝင်ရောက် အရွေး ချယ်ခံနေခြင်းဖြစ်သည်။