ခါတွမ်း၊ ဒီဇင်ဘာ ၂၂
ဆူဒန်ဝန်ကြီးချုပ် ဟမ်းဒေါ့သည် မကြာမီ နာရီပိုင်းအတွင်း ရာထူးမှ နှုတ်ထွက်ရန် ရည်ရွယ်ထားကြောင်း အမျိုးသား နိုင်ငံ ရေးနှင့် ပညာရှင်အဖွဲ့တစ်ဖွဲ့ကို ပြောကြားခဲ့သည်ဟု ဒီဇင်ဘာ ၂၁ ရက်တွင် ဟမ်းဒေါ့နှင့်နီးစပ်သော သတင်းရင်းမြစ်နှစ်ခုကို ကိုးကားလျက် ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။
နိုင်ငံရေးပါတီများနှင့် အသွင်ကူးပြောင်းရေး မိတ်ဖက်ဆက်ဆံမှုကို အဆုံးသတ်ရန် ဆူဒန်စစ်တပ်က တစ်လကြာ အာဏာ သိမ်းခဲ့ပြီးနောက် နိုဝင်ဘာ ၂၁ ရက်တွင် ဟမ်းဒေါ့ကို မူလရာထူးအတိုင်း ပြန်လည်ခန့်အပ်ခဲ့သည်။
ယင်းသို့ ဝန်ကြီးချုပ် ပြန်လည် ခန့်အပ်နိုင်ရေးအတွက် သဘောတူညီချက်တစ်ရပ် ထွက်ပေါ်လာအောင် ဆွေးနွေးရာတွင် နိုင်ငံရေးအင်အားစု အများစု ပါဝင်ခဲ့သော်လည်း ပါတီများနှင့် လူထုအကြား ဝေဖန်မှုများနှင့် ပြင်းပြင်းထန်ထန် ရင်ဆိုင်ခဲ့ ရကြောင်း သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။
အသွင်ကူးပြောင်းရေးကာလအတွက် ရရှိသော အကျိုးအမြတ်များကို ထိန်းသိမ်းရန်နှင့် သွေးထွက်သံယိုမှုများ အဆုံးသတ်ရန် ဟမ်းဒေါ့က ပြောကြားခဲ့ပြီးနောက် ဒီဇင်ဘာ ၁၈ ရက်တွင် ထောင်နှင့်ချီသော လူစုလူဝေးက စစ်အုပ်ချုပ်ရေးနှင့် ဟမ်းဒေါ့၏ ဆုံးဖြတ်ချက်ကို ပယ်ချခဲ့ကြပြီး သမ္မတအိမ်တော်အထိ ချီတက်ဆန္ဒပြခဲ့ကြသည်။
ပုံ-ဆူဒန်နိုင်ငံသားများ ဒီမိုကရေစီအရေးတောင်းဆိုနေစဉ်။( AP)
ဒီဇင်ဘာ ၁၈ ရက် ဆန္ဒပြမှုကြောင့် လူနှစ်ဦး ထပ်မံသေဆုံးခဲ့ရာ ဆူဒန် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် ဆန္ဒပြများကို ဖြိုခွင်းမှုကြောင့် သေဆုံးသူပေါင်း ၄၇ ဦး ရှိသွားပြီဖြစ်သည်။ ထို့ပြင် ဆူဒန် မတည်ငြိမ်သည့် ကာလအတွင်း အမျိုးသမီးနှင့် မိန်းကလေးငယ် ၁၃ ဦးတို့ကို မုဒိမ်းကျင့်မှု (သို့မဟုတ်) အုပ်စုဖွဲ့ အနိုင်ကျင့် စော်ကားမှု အစီရင်ခံစာများလည်း ရရှိထား ကြောင်း ကုလသမဂ္ဂက နိုဝင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ဟမ်းဒေါ့နှင့် နီးစပ်သော သတင်းရင်းမြစ်များကမူ ဟမ်းဒေါ့သည် နိုင်ငံရေးအရ ထောက်ခံမှု၊ စစ်တပ်နှင့် သဘောတူညီ ချက်တို့ ကို လိုက်နာပါက မူလရာထူးတွင်သာ ဆက်ရှိနေမည်ဟု ယခင်က ပြောကြားထားခဲ့ပြီး ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အကာအကွယ်ပေးရေးနှင့် ဟမ်းဒေါ့ကို အစိုးရ အဖွဲ့သစ် လွတ်လပ်စွာ ဖွဲ့ခွင့်ပေးရေးတို့ကို စစ်တပ်ထံသို့ တောင်းဆိုထားသည်။
Source: Reuters