CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၁
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ အနေဖြင့် မဲဆွယ် စည်းရုံးရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ပြိးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို အပိုင်း(၁) အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည်ဖြစ်သည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ကျန်သည့် အပိုင်းများကို ဆက်လက် ကျင်းပမည်ဖြစ်သည်။