CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၄
နယ်စပ်ဒေသများရှိ လက်နက်ကိုင်များအနေဖြင့် တရားမဝင် ကုန်သွယ်မှုများမှ ကောက်ခံရရှိနေသည့် ဆက်ကြေး များဖြင့် အင်အားကို ပိုမိုတည်ဆောက်လာဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၂ ရက်က နေပြည် တော်မှာ ကျင်းပစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “နယ်စပ်ဒေသများရှိ လက်နက်ကိုင် အကြမ်းဖက်သမားများ အနေဖြင့် တရား မဝင် ကုန်သွယ်မှုများမှ ကောက်ခံရရှိနေသည့် ဆက်ကြေးများဖြင့် ၎င်းတို့အင်အားကို ပိုမိုတည်ဆောက် လာမည် ဖြစ်ပြီး နိုင်ငံတော် တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာစေမည်။ ထို့ကြောင့် မိမိတို့ အနေဖြင့် တရားမဝင် ကုန်သွယ်မှုများကို ထိထိရောက်ရောက် တိုက်ဖျက်ခြင်းဖြင့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုး ရေးကို ဖော်ဆောင်ရမည်”ဟု ပြောသည်။
တရားမဝင် ကုန်သွယ်မှုများကို တိုက်ဖျက်တားဆီးခြင်းဖြင့် တရားဥပဒေစိုးမိုးရေးကို ဖြစ်ပေါ်စေနိုင်မည်ဖြစ် သကဲ့သို့ လက်နက်ကိုင် အကြမ်းဖက်မှုများကိုလည်း လျော့ကျလာစေနိုင်မည်ဟု ၎င်းက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါကလည်း တရားမဝင် ကုန်သွယ်မှုလမ်းကြောင်းများကြောင့် နိုင်ငံတော်၏ စီးပွားရေး ပျက်ခဲ့ရသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ရှိ အဖိုးတန် သယံဇာတများကို မှောင်ခိုလမ်းကြောင်းများမှ ခိုးထုတ်ပြီး တရားမဝင် ကုန်စည်များကို ခိုးသွင်းခြင်းများ ဆောင်ရွက်ခဲ့ကြသဖြင့် စီးပွားရေး အားကောင်းလာမှုမရှိခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
မြန်မာနိုင်ငံသည် အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံများဖြင့် နယ်စပ်ကုန်သွယ်ရေးများ လုပ်လျက် ရှိသည်။
လက်ရှိတွင် ထိုနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကရင်အမျိုး သားအစည်းအရုံး(KNU)၊ ရက္ခတပ်တော်(AA)၊ ချင်းလက်နက်ကိုင်များ၊ PDF များ၊ တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) တို့က ထိန်းချုပ်ထား သည်။
ထို့ကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးကနေ ဝင်ရောက်လာမည့် ထိုင်းကုန်စည်များ တင်သွင်းထားသည့် ကုန်ကား အစီး ၅၀၀ သည် မြဝတီမြို့မှာ ပိတ်မိနေပြီး ရန်ကုန်သို့ ကုန်စည်ဖြန့်ဖြူးမှု မလုပ်နိုင်ဘဲ ဖြစ်နေသည်။
မြန်မာတစ်ဝန်းတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်များကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိ နေသည်။