CNI International News

ဘရက်စီလီယာ၊ ဩဂုတ် ၆

ဘရာဇီးလ်တရားရုံးချုပ်က သမ္မတဟောင်း ဂျိုင်ယာ ဘော်လ်ဆိုနာရို (Jair Bolsonaro) ကို နေအိမ်အကျယ်ချုပ် ဖြင့် ထိန်းသိမ်းရန် ဩဂုတ် ၄ ရက်က အမိန့်ထုတ်ပြန်ခဲ့သည်ဟု DW သတင်းတွင် ဖော်ပြခဲ့သည်။

ဘော်လ်ဆိုနာရိုသည် ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲက လက်ရှိသမ္မတ လူးဝစ် အင်နာစီယို လူလာဒါဆေးလ်ဗား (Luiz Inacio Lula da Silva) ကို ရှုံးနိမ့်ခဲ့ပြီးနောက် အာဏာသိမ်းရန် ကြိုးပမ်းမှုစွဲချက်ဖြင့် တရားရင်ဆိုင်နေရသည်။

ထိုအမှုကို ကိုင်တွယ်သည့် တရားသူကြီး အလက်ဇန်းဒရီ ဒီ မိုရက်စ် ( Alexandre de Moraes)က ဘော်လ်ဆိုနာရို ကို နေအိမ်အကျယ်ချုပ်ချရန် အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဘော်လ်ဆိုနာရိုသည် ဇူလိုင်လက ၎င်းအပေါ် ထုတ်ပြန်ထားသည့် အမှုကို ရင်ဆိုင်စဉ် လိုက်နာရမည့် စည်းကမ်း ချက်များကို ချိုးဖောက်ခဲ့သဖြင့် နေအိမ်အကျယ်ချုပ်ချရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု တရားသူကြီးက ပြောကြား ခဲ့သည်။

 ဘော်ဆိုနာရို ထောက်ခံသူများကိုတွေ့ရစဉ်

ပြီးခဲ့သည့်လက တရားရုံးချုပ်သည့် ဘော်လ်ဆိုနာရိုကို ခြေရာခံပစ္စည်း ထည့်ထားသည့် အီလက်ထရောနစ် ခြေပတ် ဝတ်ဆင်ရန် အမိန့်ချမှတ်ခဲ့ပြီး အမှုရင်ဆိုင်ချိန် ကာလအတွင်း သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ကို ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဘော်လ်ဆိုနာရိုသည် အွန်လိုင်းပေါ်တွင် ပြင်းထန်သည့် မိန့်ခွန်းများကို တင်ခဲ့ပြီး တရားစီရင်မှုအား နှောင့်ယှက်ရန် ကြိုးပမ်းခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် လူမှုမီဒီယာအသုံးပြုခွင့်လည်း ပိတ်ပင်ခံထားရသည်။

ထိုတားမြစ်ချက်အရ ဘော်လ်ဆိုနာရို၏ မှတ်ချက်စကားများကို အခြားလူများကလည်း အွန်လိုင်းတွင် မျှဝေခွင့်ကို ပိတ်ပင်ထားသည်။

နေအိမ်အကျယ်ချုပ် အမိန့်အပြင် ဘော်လ်ဆိုနာရိုထံသို့ ရှေ့နေများနှင့် တရားရုံးက ခွင့်ပြုချက် ရရှိထားသူများမှ လွဲပြီး မည်သူမျှ သွားရောက် လည်ပတ်ခွင့်မရှိပေ။

ထို့ပြင် ရီယိုဒီ ဂျနေရိုး (Rio de Janeiro) မြို့ရှိ ဘော်ဆိုနာရို၏ နေအိမ်မှ မိုဘိုင်းဖုန်းများကိုလည်း သိမ်းယူရန် မိုရက်စ်က အမိန့်ထုတ်ပြန်ခဲ့သည်။

Source: DW