CNI International News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၈
ထိုင်းနှင့်ကမ္ဘောဒီးယားကြား ဖြစ်ပွားနေသော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်က ကမကထလုပ်၍ မလေးရှားနိုင်ငံမှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၈ ရက်က တွေ့ဆုံဆွေးနွေးကြ သည်။
အဆိုပါ ဆွေးနွေးပွဲကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နှင့် ထိုင်းယာယီဝန်ကြီးချုပ် ဖွမ်သမ် ဝီချာယာချိုင်း တို့ တက်ရောက်ခဲ့ကြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်းနှင့်ကမ္ဘောဒီးယား အပစ်ရပ်ကြရန် ဖုန်းဆက်သွယ် ပြောကြားခဲ့ပြီး နောက် ယခု တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပေါ်လာခဲ့သည်။
ထိုင်းနှင့်ကမ္ဘောဒီးယားကြား နယ်စပ်ပြဿနာ ဖြစ်ပွားနေချိန်အတွင်း ကမ္ဘောဒီးယားနိုင်ငံသည် ဇူလိုင် ၂၄ ရက်က ထိုင်းနိုင်ငံထဲသို့ ဒုံးကျည်များ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် နှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ထိုနှစ်နိုင်ငံသည် အာဆီယံအဖွဲ့ဝင်များဖြစ်ကြသည့်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါက ကြားနိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံကို ဖိတ်ခေါ်၍ ဆွေးနွေးပွဲကို ကမကထပြုခဲ့ခြင်းဖြစ်သည်။