CNI International News
ဘေဂျင်၊ ဇူလိုင် ၇
တရုတ်ကွန်မြူနစ်ပါတီ(CPC)က ပါတီဝင်များ၏ ဆုံးဖြတ်ချက် ချမှတ်သည့် လုပ်ငန်းစဉ်ကို စံသတ်မှတ်ရန် ရည် ရွယ်သော စည်းကမ်းသစ်သည် သမ္မတရှီကျင့်ဖျင်(Xi Jinping)၏ လုပ်ပိုင်ခွင့်အာဏာများအား ၎င်းလက်အောက်မှ ထိပ်သီးခေါင်းဆောင်များကို ခွဲဝေပေးခြင်း ဖြစ်နိုင်သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
ကျွမ်းကျင်သူတစ်ဦးကမူ ထိုလုပ်ဆောင်မှုသည် ရှီ၏ နေရာ ဆက်ခံရေးအတွက် အစီအစဉ်တစ်ခု ဖြစ်နိုင်သည် ဟုလည်း သုံးသပ်ခဲ့သည်။
ကွန်မြူနစ်ပါတီ၏ ထိပ်သီး အဖွဲ့အစည်းဖြစ်သည့် အဖွဲ့ဝင် ၂၄ ဦးပါ ပေါ်လစ်ဗျူရိုသည် ဇွန်လ ၃၀ ရက်က စည်းကမ်းသစ်များကို ပြန်လည် လေ့လာသုံးသပ်ခဲ့ပြီး သက်ဆိုင်ရာ နယ်ပယ်အလိုက် ပါတီနှင့်ဆက်နွှယ်သော အဖွဲ့အစည်းအသီးသီးကို ပူးပေါင်းဆောင်ရွက်ရေး မူဝါဒများ ချမှတ်ရန်ပြင်ဆင်ခဲ့သည်။
အထူးသဖြင့် ပါတီ၏ ဗဟိုကော်မရှင်များနှင် ပါတီ၏ ထိပ်သီး အုပ်စုများသည် ရှီ၏ သက်တမ်းအတွင်း ယခုထက် ပိုပြီး လုပ်ပိုင်ခွင့်များ ရရှိခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ အစည်းအဝေး ကျင်းပနေစဉ်
စည်းကမ်းသစ်များသည် မူဝါဒ ပူးပေါင်းဆောင်ရွက်ရေးနှင့် ထိပ်ပိုင်း ခေါင်းဆောင်များ အဆင့်တွင် စိစစ်သုံးသပ် ရေး လုပ်ငန်းစဉ်များကို စံသတ်မှတ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ထိုစည်းကမ်းများအရ ပေါ်လစ်ဗျူရို အဖွဲ့ဝင်များနှင့် ထိပ်သီးအဆင့် အရာရှိများသည် ၎င်းတို့၏ အထက်အရာရှိများ ကိုယ်စား ဝင်ရောက် ဆောင်ရွက်နိုင်ကြောင်း၊ ဥပမာအားဖြင့် အရာရှိများသည် ရှီ၏ တိုက်ရိုက် ညွှန်ကြားချက် များကို မလိုအပ်တော့ဘဲ အစည်းအဝေးများ ကျင်းပခွင့်၊ ဆုံးဖြတ်ချက် ချခွင့်တို့ ရရှိနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ၂၀၁၂ ခုနှစ်တွင် အာဏာရလာခဲ့သည့် ရှီသည် မော်စီတုန်း (Mao Zedong) လက်ထက်ကစပြီး အခြား တရုတ်ခေါင်းဆောင်များ ထက်ပိုပြီး အာဏာကို တစ်ဦးတည်းကသာ ဆုပ်ကိုင်ထားသော မူဝါဒကို ပြောင်းလဲခြင်း ဖြစ်နိုင်သလို ၎င်း၏ အာဏာများကို ထိပ်သီးခေါင်းဆောင်များထံ ဖြန့်ဝေလွှဲအပ်မှု တစ်ခုအဖြစ် ရှုမြင်ခံခဲ့ရသည်။
Source: South China Morning Post