CNI International News

ဟနွိုင်း၊ ဇွန်လ ၁၇

အမေရိကန်လေယာဉ်တင်သင်္ဘော USS Nimitz (ယူအက်စ်အက်စ် နီမစ်)သည် ဇွန်လ ၁၆ ရက် နံနက်ပိုင်းက တောင်တရုတ်ပင်လယ်မှ ထွက်ခွာပြီး အရှေ့အလယ်ပိုင်းဒေသသို့ ဦးတည်မောင်းနှင်သွားကြောင်း သင်္ဘော လမ်းကြောင်းများကို ခြေရာခံသည့် ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုလေယာဉ်တင်သင်္ဘောသည် ဗီယက်နမ်အလယ်ပိုင်းရှိ ဆိပ်ကမ်းတစ်ခုတွင် ဆိုက်ကပ်မည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ပြီးနောက် အနောက်ဘက်သို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

Marine Traffic(မရိန်း ဒါဗစ်) ဝက်ဘ်ဆိုက်၏ အချက်အလက်များသည် Nimitz(နီမစ်)လေယာဉ်တင်သင်္ဘောသည် တောင်တရုတ်ပင်လယ်၏ အနောက်ဘက်ရှိ အရှေ့အလယ်ပိုင်းဒေသသို့ ဦးတည်မောင်းနှင်သွားကြောင်း ဖော်ပြခဲ့ သည်။

USS Nimitz (ယူအက်စ်အက်စ် နီမစ်)သည်  ယခုသီတင်းပတ် ကုန်ပိုင်းတွင် ဗီယက်နမ်၏ ဒါနန်းမြို့ (Danang City) သို့ သွားရောက်ရန် စီစဉ်ခဲ့သော်လည်း သတင်းရင်းမြစ် နှစ်ခုကမူ ဇွန်လ ၂၀ ရက်၌ ဆိုက်ကပ်မည့် ထိုအစီအစဉ်ကို ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

အမေရိကန်လေယာဉ်တင်သင်္ဘော USS Nimitz ကို တွေ့ရစဉ်

ဟနွိုင်း (Hanoi) မြို့တော်ရှိ အမေရိကန်သံရုံးက စစ်ဆင်ရေးပိုင်းဆိုင်ရာ အရေးပေါ် လိုအပ်ချက်ကြောင့် ထိုအစီအစဉ်ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ရိုက်တာသတင်းဌာန၏ မှတ်ချက်စကား တောင်းဆိုမှုကို အမေရိကန်သံရုံးက ချက်ချင်း အတည်မပြုခဲ့ပေ။

Nimitz (နီမစ်) လေယာဉ်တင်သင်္ဘော ဦးဆောင်သည့် တိုက်ခိုက်ရေး စစ်သင်္ဘော အုပ်စုသည်  အင်ဒို-ပစိဖိတ် ဒေသတွင် အမေရိကန်ရေတပ် တည်ရှိမှု၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ပြီးခဲ့သည့် သီတင်းပတ်က ပင်လယ်ရေကြောင်းဆိုင်ရာ လုံခြုံရေး စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း အမေရိကန်၏ ပစိဖိတ်စစ်သင်္ဘောအုပ်စုမှ တပ်မှူး၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

Source: ရိုက်တာ