CNI News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၃
နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်၏တာဝန်ကို ယူထားခြင်းဖြစ်ပြီး တပ်မတော်က တိုက်ရိုက်မအုပ် ချုပ်ဘဲ အုပ်ချုပ်ရေးနှင့်ပတ်သက်၍ အရပ်သားအများစုကိုသာ တာဝန်ပေးအပ်ထားဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
နစက အစည်းအဝေး(၁၈/၂၀၂၁)ကို ယနေ့ (ဒီဇင်ဘာ ၁၃ ရက်)က ကျင်းပစဉ် အထက်ပါအတိုင်း နစကဥက္ကဋ္ဌက ပြော သွားခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ နှင့်အညီ နိုင်ငံရေးအရ အရေးပေါ် အခြေ အနေ ကြေညာ၍ နိုင်ငံတော်၏တာဝန်ကို ယူထားခြင်းဖြစ်ပြီး တပ်မတော်က တိုက်ရိုက်မအုပ်ချုပ်ဘဲ အုပ်ချုပ်ရေးနှင့် ပတ် သက်၍ အရပ်သားအများစုကိုသာ တာဝန်ပေးအပ် ထားခြင်းဖြစ်တယ်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးဆောင်ရွက်နေခြင်း ဖြစ်သဖြင့် ဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ်တယ်”ဟု ပြောသည်။
ထို့နောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု များဖြင့် ထိရောက်စွာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ပြည်သူများနှင့်ဆက်ဆံရာတွင် လည်း ကောင်းမွန်ပြေပြစ်သော ဆက်ဆံရေးဖြင့် ဆောင်ရွက်သွားရန်လိုပြီး တတ်နိုင်သမျှ ပြည်သူများအပေါ် စိတ်ရှည်စွာ ဖြင့် လုပ်ပေးနိုင်သည်ကို စီမံဖြည့်ဆည်ညပေးရန်လိုကြောင်း၊ အုပ်ချုပ်မှုနှင့်ပတ်သက်၍ ဥပဒေအရ ဒီမိုကရေစီ နည်းလမ်း အရ နားလည်အောင် အသိပညာပေးခြင်းဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအတွက်များစွာ အထောက်အကူပြုမည် ဖြစ် ကြောင်း ၎င်းက ဆိုသည်။
ပုံ-နစကအဖွဲ့၀င် ဒေါ်အေးနုစိန်ကိုတွေ့ရစဉ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်ခြင်းသည် အောက်တန်းကျသည့် လုပ်ရပ်ဖြစ်ပြီး လူထုကို အကြောက်တရားဖြစ်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် ပြည်သူကိုခြိမ်းခြောက်၍ အ ကြောက်တရားဖြစ်အောင် ဆောင်ရွက်ခြင်းသည် ဒီမိုကရေစီနှင့်ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက်ရှိကြောင်း၊အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ပြည်သူများ အားလုံးနှင့် တာဝန်ရှိသော အုပ်ချုပ်ရေးအဖွဲ့အစည်းများအားလုံးပူးပေါင်း၍ စုပေါင်းအား ဖြင့် ဆောင်ရွက်သွားရန်လိုတယ်”ဟု ပြောသည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား ယခုလ ၆ ရက်နေ့က ပုဒ်မ နှစ်ခုဖြင့် ထောင်ဒဏ် ၄ နှစ်စီ အသီး သီး ချမှတ်ခဲ့ပြီး ၂ နှစ်လျှော့ပေါ့ပေးခဲ့ကြောင်း၊ ကျန်ရှိသည့်အမှုများကို ဆက်လက် စစ်ဆေးနိုင်ရန်အတွက် အကျဉ်းထောင်သို့ ပို့ ဆောင်ခြင်းမရှိဘဲ ယခုလက်ရှိနေရာတွင်သာ ဆက်လက်ထားရှိရန် ဆောင်ရွက်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား အမှုစစ်ဆေးနေချိန်ကာလမှ စီရင်ချက် ချမှတ်သည့် အချိန်အထိ သတ်မှတ်ချက်များအတိုင်း ၎င်း၏ ရှေ့နေ များနှင့် လွတ်လပ်စွာ တွေ့ခွင့်ပေးထားကြောင်း ၎င်းက ဆိုသည်။
ပုံ- နစကအဖွဲ့၀င် မန်းငြိမ်းမောင်ကိုတွေ့ရစဉ်
နစကဥက္ကဋ္ဌက “အဆိုပါ ရှေ့နေများမှတဆင့် လက်ရှိ နိုင်ငံရေးဖြစ်စဉ်များ၊ အကြမ်းဖက်ကိစ္စများနှင့် CRPH၊ NUG အဖွဲ့များ ဖွဲ့စည်းသည်ကို သိရှိပြီးဖြစ်မည်ဟု ယူဆပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း ရှေ့နေများမှတဆင့် ၎င်း၏ မှတ် ချက်များပေးနိုင်သည့် အခွင့်အရေးရှိကြောင်း၊ မိမိတို့အနေဖြင့် စတင် တာဝန်ယူချိန်တွင် ်ရွေးကောက်ခံ ကိုယ်စားလှယ်များ အား လွတ်လပ်စွာဖြင့်ထားရှိခဲ့ပြီး ၎င်းတို့၏ နေရပ်များသို့ ပြန်ပို့ပေးခဲ့ကြောင်း၊ ထိုသို့ ပြန်လည် စေလွှတ်ပြီးချိန်တွင် အချို့ ပုဂ္ဂိုလ်များမှာ ဥပဒေအရ ရင်ဆိုင်ခြင်းမရှိဘဲ ၎င်းတို့အနေဖြင့် အကြမ်းဖက်လမ်းစဉ်ဖြင့် တုန့်ပြန်ဆောင်ရွက် လာခြင်း ဖြစ် တယ်”ဟု ပြောသည်။
လက်ရှိတွင် တပ်မတော်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းပေးဘဲ အစိုးရဖွဲ့စည်းနိုင်ရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ အရေးပေါ်ကြေညာထားသည်။