၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၁

စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုး ချုပ်ငြိမ်းစေပြီး ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်း တည်ဆောက် နိုင်ရေးအတွက် ပအိုဝ်းတစ်မျိုးသားလုံး ပြည်သူလူထုနှင့်အတူ လက်တွဲဖော်ဆောင်ပေးကြပါရန် PNLO က ယနေ့ (ဒီဇင် ဘာ ၁၁ ရက်)တွင် ထုတ်ပြန် တိုက်တွန်းခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ပ.အ.လ.ဖ အဖွဲ့သည် လက်နက်ကိုင်လမ်းစဉ်ဖြင့် စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ် အမျိုးမျိုးကို တွန်းလှန်ခဲ့ကြောင်း၊ ပအိုဝ်းဘိုးဘွားဘီဘင်တို့နှင့် အမိအဖတို့က ပဒေသရာဇ်စနစ်ဆိုး ဆန့်ကျင်တိုက်ဖျက် ရေး၊ မဟာလူမျိုးကြီးဝါဒ ဆန့်ကျင်တိုက်ဖျက်ရေး၊ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုးတို့ကို ဆန့် ကျင် တိုက်ဖျက်ရေး ချမှတ်ဖော်ဆောင်ခဲ့ကြသည်ဟု ဖော်ပြထားသည်။

ထို့နောက် ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အရေးတို့ကို အာမခံပေးသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို အစဉ်တစိုက် ချမှတ်ဖော်ဆောင်ခဲ့ကြည်ဟုလည်း PNLO က ဆိုသည်။

ပုံ- PPST အဖွဲ့၀င် PNLO ကိုယ်စားလှယ်အဖွဲ့ကိုတွေ့ရစဉ်။ (PNLO Info)

PNLO က “ယနေ့ ကာလတွင် စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ် အမျိုးမျိုးတို့ကို ချုပ်ငြိမ်းစေပြီး ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းတည်ဆောက်နိုင်ရေးကို အမျိုး သားတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ခံယူ၍ ပအိုဝ်းအမျိုးသား လက် နက်ကိုင်အဖွဲ့အစည်းများ၊ ပအိုဝ်းအမျိုးသားနိုင်ငံရေးပါတီများ၊ စာပေယဉ်ကျေးမှုနှင့် လူငယ်အမျိုးသမီးစသည့် ပအိုဝ်းအရပ် ဖက် လူ့အဖွဲ့အစည်းများ အပါအဝင် ဒေသပေါင်းစုံ၊ အလွှာပေါင်းစုံမှ ပအိုဝ်းအမျိုးသားထု တစ်ရပ်လုံးက ပြည်ထောင်စုဖွား ညီနောင်တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည် သူလူထုကြီးနှင့်အတူ လက်တွဲဖော်ဆောင်ပေးကြပါ”ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်သည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(ပ.အ.လ.ဖ- PNLO)ကို စတင်ဖွဲ့စည်း၍ ပဒေသရာဇ်စနစ်ဆိုးအား လက်နက် ကိုင် လမ်းစဉ်ဖြင့် ဆန့်ကျင်တော်လှန်ခဲ့သည့် (၇၂)ကြိမ်မြောက် ပဒေသရာဇ်စနစ်ဆိုး ဆန့်ကျင်တော်လှန်ရေးနေ့ အခါ သမယဖြစ်သည်ဟုလည်း ဆိုထားသည်။

PNLO ကို ၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်တွင် စတင် ထူထောင်ခဲ့ရာ ယနေ့ ဒီဇင်ဘာ ၁၁ ရက်မှာတော့ ၇၂ နှစ်ပြည့်ခဲ့ပြီး ဖြစ်သည်။

PNLO သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)အပါအဝင် ပြည်နယ်အဆင့်-ပြည်ထောင်စု အဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (Bilateral)ကို လက်မှတ်ရေးထိုးထားသည့် ပအိုဝ်းလက်နက်ကိုင် အဖွဲ့ဖြစ်သည်။

ထို့နောက် NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၁၀) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဉီးဆောင်အဖွဲ့(PPST) အဖွဲ့၀င်လည်း ဖြစ်သည်။