ဘန်ဂျာလုကာ၊ ဒီဇင်ဘာ ၁၁

စစ်ပွဲဒဏ်ခံခဲ့ရသော ဘော့စနီးယား ဗဟိုအခွင့်အာဏာကို အားနည်းသွားစေမည့် ခြေလှမ်းများစွာ စတင်လှမ်းရန်အတွက် ဘော့စနီးဆာ့ဘ်လွှတ်တော်က ဒီဇင်ဘာ ၁၀ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ကြောင်း အေပီက ဖော်ပြထားသည်။

ဘော့စနီးယား ဆာ့ဘ်ခေါင်းဆောင်က ဘော်လကန်ဒေသရှိ ဘော့စနီးယားနှင့်ဟာဇီဂိုဗီးနားနိုင်ငံမှ ခွဲထွက်ရေးလှုပ်ရှားမှု အရှိန်မြှင့် လုပ်ဆောင်ချိန်၌ အမေရိကန်နှင့်အခြားနိုင်ငံများ၏ အရေးယူ ခြိမ်းခြောက်မှုများလည်း ရင်ဆိုင်နေရသည်။

ဘော့စနီးယား ဆာ့ဘ်များအတွက် ဘော့စနီးယားစစ်တပ်၊ လုံခြုံရေးဝန်ဆောင်မှုများ၊ အခွန်စနစ်နှင့် တရားစီရင်ရေးစနစ်မှ နှုတ်ထွက်ရန် ဥပဒေပြုလွှ တ်တော်အမတ်များက ထောက်ခံမဲပေးခဲ့ကြသည်။

အဆိုဖြစ်စဉ်များသည် ဘော့စနီးယား ဆာ့ဘ်ခေါင်းဆောင် မီလိုရတ်ဒေါဒက် (Milorad Dodik)က ခွဲထွက်ရန် အကြိမ်ကြိမ် ခြိမ်းခြောက်ပြီးနောက် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ လက်ရှိအနေအထားတွင် ဘော့စနီးယားနယ်မြေ ထက်ဝက်ခန့်ကို အိမ်နီးချင်း ဆားဘီးယားနှင့် ပေါင်းစည်းပြီး ဖြစ်သည်။

အမတ်နေရာ ၈၃ နေရာရှိသော လွှတ်တော်ထဲတွင် ထောက်ခံမဲ ၄၉ မဲ၊ ကန့်ကွက်မဲ ၃ မဲတို့ဖြင့် ဆုံးဖြတ်ခဲ့ကြသော်လည်း အတိုက်အခံ အမတ်အများစုကတော့ “ယခင်ကလည်း လူမျိုးရေး ပဋိပက္ခများကြောင့် ဆုတ်ယုတ်ခဲ့ရသော တိုင်းပြည်တွင် နောက်ထပ် သွေးထွက်သံယို မဖြစ်လိုဘဲ မီလိုရတ်ဒေါဒက်၏ စေခိုင်းချက်အတိုင်း လိုက်လံမလုပ်ဆောင်နိုင်” ဟု ပြောကြား လျက် ဒီဇင်ဘာ ၁၀ ရက် မဲခွဲဆုံးဖြတ်ခြင်းကို သပိတ်မှောက်ခဲ့ကြသည်။

ပုံ-ဘော့စနီးယားလွှတ်တော်ကိုတွေ့ရစဉ်။( AP)

ဘော့စနီးယားသမ္မတ၏ အခွင့်အာဏာရှိသော သုံးပွင့်ဆိုင်အဖွဲ့၌ အဖွဲ့ဝင်တစ်ဦးဖြစ်သည် ဒေါဒက်သည် ဒီဇင်ဘာ ၁၀ ရက်၌ ဘော့စနီးယားပြည်နယ်အသေးကို ပိုမိုအားကောင်းလာစေမည့် သမိုင်းဝင် လွှတ်တော် အစည်းအဝေးကို ခေါ်ယူခဲ့သည်။

အဆိုပါ သုံးပွင့်ဆိုင်အဖွဲ့ကို ၁၉၉၅ ခုနှစ်က ဘော့စနီးယားစစ်ပွဲကို အဆုံးသတ်ရေးအတွက် အမေရိကန် ကမကထပြုမှုဖြင့် ထွက်ပေါ်ခဲ့သော ငြိမ်းချမ်းရေး သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

 

ဒေါဒက်က ဘော့စနီးယားကို “စက္ကူပေါ်တွင်သာရှိသော ပြည်နယ်” (paper State) ဟု တံဆိပ်ကပ်လျက် ဘော့စနီးယားရှိ ဆာ့ဘ်လူမျိုး အသိုင်းအဝိုင်း၌ လူထုဆန္ဒခံယူပွဲ ကျင်းပသင့်ကြောင်း၊ ၎င်း၏ ကိုယ်ပိုင်စစ်တပ်၊ လုံခြုံရေး ဝန်ဆောင်မှု၊ တရား စီရင်ရေး မဏ္ဍိုင်၊ အခွန်ဆိုင်ရာ အခွင့်အာဏာနှင့် ပြည်နယ်ဖွဲ့စည်းပုံ အသစ်တို့ကို ရေးဆွဲသင့်ကြောင်း လွှတ်တော်သို့ တိုက် တွန်း ပြောကြားခဲ့သည်။

ယင်းသို့ ဒေါဒက်၏ မူဝါဒများသည် အလျင်စလို နိုင်လွန်းပြီး မသေချာ မရေရာမှုများနှင့် မတည်ငြိမ်သော ဘော်လကန်ဒေသ ကို ရုန်းရင်းဆန်ခတ်မှုများပင် ဖြစ်စေနိုင်သည်ဟု လွှတ်တော်အတွင်းရှိ အတိုက်အခံ ခေါင်းဆောင်များကတော့ ဝေဖန်ခဲ့ ကြ သည်။

ဒေါဒက်သည် ဘော့စနီးယားကို ဆာ့ဘ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အသေးစား ပြည်နယ်အဖြစ်မှ ခွဲထွက်ပြီး အိမ်နီးချင်း ဆားဘီးယားနိုင်ငံ ကဲ့သို့ ပုံစံမျိုး ဖြစ်လာစေရန် နှစ်ပေါင်းများစွာတိုင် ဆော်ဩနေခဲ့သည်။

Source: AP