CNI International News
ဆိုးလ်၊ မတ် ၁၀
တောင်ကိုရီးယားတွင် သမ္မတယွန်းဆော့ရွဲ(Yoon Suk Yeol )သည် ထိန်းသိမ်းခံထားရမှုမှ အံ့အားသင့်ဖွယ် ပြန်လည် လွတ်မြောက်လာခဲ့ပြီးနောက် တစ်ရက်အကြာ၌ ယွန်းအား ဆန့်ကျင်သူများက ဆိုးလ် (Seoul) မြို့တော်တွင် စုရုံးဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်ဟု The Korea Times မှ ဖော်ပြခဲ့သည်။
ကွန်ဆာဗေးတစ် တက်ကြွလှုပ်ရှားသည့် ခရစ်ယာန်ဘုန်းတော်ကြီး ဂျွန်ကွမ်ဟွန်း (Jeon Kwang-hoon) ဦးဆောင် သော Sarang Jeil ဘုရားကျောင်းသည် ဆိုးလ်မြို့တော် အလယ်ပိုင်းရှိ သမ္မတနေအိမ်အနီးတွင် တနင်္ဂနွေဘုရား ဝတ်ပြုမှုကို ဘုရားကျောင်းအပြင်ဘက်တွင် ပြုလုပ်ခဲ့သည်။
ထိုစုရုံးပွဲကို လူပေါင်း ၄၅၀၀ ခန့် ပါဝင်ခဲ့သည်ဟု ဆိုသည်။
သမ္မတယွန်းဆော့ရွဲကို တွေ့ရစဉ်
“သမ္မတယွန်း လွတ်မြောက်လာမှုကြောင့် သူ့ကို စွပ်စွဲပြစ်တင်တဲ့ တရားရင်ဆိုင်မှုက အဓိပ္ပာယ်မရှိသလို ဖြစ်လာခဲ့ ပါတယ်။ အားလုံးပြီးသွားးပါပြီ”ဟု ဘုန်းတော်ကြီး ဂျွန်က ပြောကြားခဲ့သည်။
“အခြေခံဥပဒေဆိုင်ရာခုံရုံးက ရီဖို့ကောင်းတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်တဲ့ အချိန်မှာဆိုရင်တော့ ကျနော်တို့ဟာ လည်း တစ်ချက်တည်းနဲ့ သူတို့ကို ရိုက်ချနိုင်မယ့် လူထုရဲ့ ဆန့်ကျင် ကန့်ကွက်ပိုင်ခွင့်ကို ကျင့်သုံးဖို့ပဲ ရှိပါတော့ တယ်”ဟု ၎င်းက ဆိုသည်။
စွပ်စွဲပြစ်တင် ခံထားရသည့် ယွန်းကို ဆိုးလ်ဗဟို ခရိုင်တရားရုံးက ဖမ်းဝရမ်း ပယ်ဖျက်ပေးလိုက်သည့် ဆုံးဖြတ် ချက်ကို အစိုးရရှေ့နေများက အယူခံမဝင်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ယွန်းသည် ပြန်လည် လွတ်မြောက် လာခဲ့ခြင်း ဖြစ်သည်။
ယွန်းသည် ၎င်းအား ထိန်းသိမ်းထားသည့် အဆောက်အအုံမှ သက်သောင့်သက်သာနှင့် ပြုံးရွှင်ကာ လမ်းလျှောက် ထွက်လာခဲ့သည်။
ထို့နောက် သူ၏ ကားပေါ်သို့ တက်ပြီး ၎င်းအား ထောက်ခံသူများကို လက်ပြနှုတ်ဆက်ခဲ့သည်။
သမ္မတယွန်းဆော့ရွဲကို တောင်ကိုရီးယားပြည်သူများ ဆန္ဒပြနေကြစဉ်
ယွန်းသည် ထိန်းသိမ်းမှုမှ လွတ်မြောက်လာသည့်တိုင် ပုန်ကန်မှုစွဲချက်များနှင့် တရားရင်ဆိုင် ရဦးမည်ဖြစ်ပြီး အခြေခံဥပဒေဆိုင်ရာခုံရုံးကလည်း ယွန်းအား ရာထူးမှ ဖယ်ရှားရန် သင့်/မသင့် ဆုံးဖြတ်သွားမည်ဖြစ်သည်။
အဓိက အတိုက်အခံဖြစ်သည့် ဒီမိုကရက်တစ်ပါတီကမူ တရားရုံး၏ ဆုံးဖြတ်ချက်ကို အယူခံမဝင်ခဲ့သည့် အစိုးရ ရှေ့နေများ၏ ဆုံးဖြတ်ချက်သည် နိုင်ငံနှင့် ပြည်သူလူထုကို အကျပ်အတည်းအတွင်းသို့ ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်ခဲ့သည်။
ထို့နောက် အခြေခံဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် ယွန်းအား သမ္မတရာထူးမှ အမြန်ဆုံးဖယ်ရှားရန် တိုက်တွန်းခဲ့ သည်။
ထို့ပြင် သမ္မတယွန်း လွတ်မြောက်လာမှုနှင့် ပတ်သက်ပြီး အစိုးရရှေ့နေချုပ် ရှင်မ်ဝူဂျွန်း (Shim Woo-jung) အနေဖြင့် ရာထူးမှ ချက်ချင်းနှုတ်ထွက်ရန်နှင့် ထိုကိစ္စအတွက် တာဝန်ယူရန် ဒီမိုကရက်တစ်ပါတီက တိုက်တွန်းခဲ့ သည်။
Source: The Korea Times