CNI News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်ထဲမှာ လူငယ်များ ဒီမိုကရေစီအရေး သပိတ်မှောက်ဆန္ဒပြခဲ့ကြရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြိုခွဲစဉ် လူသေဆုံးမှုများ ရှိခဲ့ကြောင်း မျက်မြင်များ၏ ပြောကြားချက်အရ သိရသည်။
ယနေ့ (ဒီဇင်ဘာ ၅ ရက်)နံနက်ပိုင်းက လူငယ်တစ်စုသည် ဒီမိုကရေစီအရေးနှင့်တပ်မတော်ဆန့်ကျင်ရေး ကြည့်မြင်တိုင်မြို့ နယ်ထဲက ပန်းပင်ကြီးလမ်းမပေါ်မှာ ဆန္ဒပြရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြိုခွဲရာမှာ လူ ၅ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ၍ ၁၀ ဦး ဖမ်းဆီးခံရသည်ဟု မျက်မြင်များ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ဆန္ဒပြ လူငယ်တစ်စုကို ဖြိုခွဲခြင်းနှင့်ပတ်သက်ပြီး အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် ရုပ်သံ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ က နောက်ကနေ ကားဖြင့် ဝင်တိုက်သည့် ပုံစံမျိုးတွေ့ရသည်။