CNI News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၅

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ နာယကလည်းဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်း ဖြစ်ခဲ့ဖူးသူ ဦးတင်ဦးကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယနေ့ (ဒီဇင်ဘာ ၅) နံနက်ပိုင်းက လာရောက် ကန်တော့သွားသည်ဟု နီးစပ်သူများထံမှ သိရသည်။

ရန်ကုန်မြို့၊ ရွှေတောင်ကြား (၂)ရပ်ကွက်ရှိ ဦးတင်ဦး၏ နေအိမ်သို့ လာရောက်၍ ကန်တော့ခြင်း ဖြစ် ကြောင်းသိရသည်။

အဆိုပါ ကန်တော့ချိန်တွင် နိုင်ငံရေးကိစ္စများ ပြောကြား ဆွေးနွေးခြင်းမရှိဘဲ ကျန်းမာရေး အခြေအနေများနှင့်ပတ်သက်၍သာ ပြောကြောင်း သိရသည်။