CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၉
အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) က ယူကရိန်းအတွက် ဒေါ်လာ ၁ ဘီလျံနီးပါး တန်ဖိုးရှိသည့် နောက်ထပ် စစ်ရေးအကူအညီသစ် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ဒီဇင်ဘာ ၇ ရက်က ယူကရိန်းအား အကူအညီပေးမည့် အစီအစဉ် ကြေညာချိန်တွင် အော်စတင်က အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ နောက်တက်လာမည့် အစိုးရအဖွဲ့ကို ရည်ရွယ်သည့် မှတ်ချက်စကားများ ပြောကြားခဲ့သည်။
"လက်ဆင့်ကမ်းပြေးပွဲက မကြာခင် လာတော့မှာပါ တချို့သူတွေကတော့ သူတို့က ရှေ့မှာရောက်နေပြီလို့ ထင်ပါ လိမ့်မယ်။ သူတို့တွေဟာ ကျနော်တို့ လွန်ခဲ့တဲ့ ၄ နှစ်က တည်ဆောက်ခဲ့တဲ့ အင်အားပေါ်မှာ ဆက်လက် တည်ဆောက် သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု အော်စတင်က ထရမ့်အစိုးရအဖွဲ့ကို ရည်ညွှန်းပြောကြား ခဲ့သည်။
ဒေါ်လာ ၉၈၈ သန်း တန်ကြေးရှိသည့် ယခု စ-စ်ရေး အကူအညီသည် ဒီဇင်ဘာ ၂ ရက်က ကြေညာခဲ့သည့် ဒေါ်လာ ၇၂၅ သန်းတန်ကြေးရှိ စ-စ်ရေး အကူအညီနှင့်မတူဘဲ သီးခြားအကူအညီဖြစ်သည်။
အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီး၊ ပြင်သစ်သမ္မတ မက်ခရွန်တို့ကို တွေ့ရစဉ်
ယခုနောက်ဆုံး ကြေညာခဲ့သည့် စ-စ်ရေး အကူအညီတွင် အမေရိကန်၏ HIMAR လက်နက်ကြီး စနစ်အတွက် ခဲယမ်းများနှင့် ဒရုန်းများ ပါဝင်သည်။
ရုရှားက ယူကရိန်းကို ဝင်ရောက် တို-က်ခိုက်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစပြီး ယခုအချိန်အထိ အမေရိကန် က ယူကရိန်းကို ထောက်ပံ့ခဲ့သည့် စ-စ်ရေး အကူအညီသည် ဒေါ်လာ ၆၂ ဘီလျံအထိ ရှိလာခဲ့ပြီဖြစ်သည်။
အထူးသဖြင့် လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ အစိုးရအဖွဲ့သည် သက်တမ်းကုန်ရန် အချိန် နီးစပ်လာချိန်တွင် ယူကရိန်းကို စ-စ်ရေး အကူအညီများပေးရန် အင်တိုက်အားတိုက် လုပ်ဆောင်နေခြင်းဖြစ်သည်။
လာမည့်နှစ် ဇန်နဝါရီ ၂၀ ရက်တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည့် ထရမ့် လက်ထက်တွင် ယူကရိန်း အတွက် အမေရိကန်၏ စ-စ်ရေး အကူအညီသည် သေချာရေရာမှု မရှိနိုင်ကြောင်း ထင်ကြေးပေးမှုများ ထွက်ပေါ် နေသည်။
ထရမ့်ကလည်း ယူကရိန်းအတွက် စ-စ်ရေး အကူအညီများနှင့် နေတိုး အပါအဝင် အခြား စ-စ်ရေး မဟာမိတ်များ အတွက် သုံးစွဲနေသည့် ရန်ပုံငွေများကို ရပ်တန့်ပ-စ်မည်ဟု ခြိမ်း-ခြောက်ခဲ့သည်။
Source: အယ်လ်ဂျာဇီးယား