CNI International News

ဘေကျင်း၊ အောက်တိုဘာ ၂၅

တရုတ်နှင့် ထိုင်းစစ်တပ်တို့သည် တရုတ်နိုင်ငံ ကူမင်းမြို့တွင် အောက်တိုဘာ ၁၅ ရက်မှ အောက်တိုဘာ ၂၅ ရက်အထိ ၁၁ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်နေကြောင်း SCMP မှ ဖော်ပြခဲ့သည်။

“Strike-2024”ဟု အမည်ပေးထားသည့် စစ်ရေးလေ့ကျင့်မှုများကို ထိုင်းနိုင်ငံ နယ်စပ်မြောက်ပိုင်း မိုင် ၅၀၀ ခန့်အကွာရှိ ခက်ခဲသော မြေနေရာ အနေအထားတွင် လုပ်ဆောင်နေခြင်းဖြစ်သည်။

ထိုစစ်ရေး လေ့ကျင့်မှုတွင် ဓားစာခံကယ်တင်ခြင်း၊ အထူးဖြိုခွင်းခြင်း၊ ရဟတ်ယာဉ် မစ်ရှင်များ၊ ရှာဖွေရေးနှင့် သုတ်သင်ရှင်းလင်းရေး စစ်ဆင်ရေးများလည်း ပါဝင်ကြောင်း  People’s Liberation Army နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။

စစ်ရေးလေ့ကျင့်မှု၏ ရည်ရွယ်ချက်မှာ ခက်ခဲသော တောင်တန်းများ၊ တောတွင်း မြေအနေအထားကဲ့သို့ ရှုပ်ထွေး သော အခြေအနေများအောက်၌ ပူးပေါင်းစစ်ဆင်ရေး စွမ်းဆောင်ရည်ကို မြှင့်တင်ရန် အပါအဝင်  နယ်စပ် ဖြတ်ကျော် ရာဇဝတ်မှုများကို နှိမ်နင်းရန်နှင့် ဒေသတွင်းတည်ငြိမ်ရေးကို ခြိမ်းခြောက်နိုင်သည့် ပုံမှန်မဟုတ်သော ခြိမ်းခြောက်မှုများကို နှိမ်နင်းရန်တို့ဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနား အပြီးတွင် ထိုင်းစစ်သားများသည် တရုတ်စစ်သားများ၏ တိုက်ခိုက်ရေး စစ်ရေးလေ့ကျင့်မှုများ ကို လေ့လာခဲ့ပြီး ၎င်းတို့သည် တရုတ်စစ်တပ်က အသုံးပြုသည့် အပေါ့စား လက်နက်များ၊ မောင်းသူမဲ့ တိုက်ခိုက် ရေး ကိရိယာများနှင့် ထောက်လှမ်းရေးကိရိယာများ အသုံးပြုပုံ အတွေ့အကြုံများ ရရှိခဲ့သည်။

ထိုင်းနဲ့တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်နေစဉ်

အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် နှစ်နိုင်ငံစစ်တပ်အကြား “Strike” အမည်ရှိ စစ်ရေးလေ့ကျင့်မှုများ၏ သတ္တမ အကြိမ်မြောက်ဖြစ်ပြီး တရုတ်သည် ၎င်း၏ အိမ်နီးချင်းနိုင်ငံနှင့် နိုင်ငံရေးဆိုင်ရာ ယုံကြည်မှုကို ပိုမိုအားကောင်း ခိုင်မာလာစေရန် မြှင့်တင်လုပ်ဆောင်နေချိန်မှာပဲ ထိုစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

US Naval War ကောလိပ်က ထုတ်ပြန်သည့် အစီရင်ခံစာ တစ်စောင်အရ ထိုင်းနိုင်ငံသည် တရုတ်၏ ပူးတွဲစစ်ရေး လေ့ကျင့်မှု အကြိမ်အရေအတွက်ကို ကပ်ရောဂါမတိုင်မီ အဆင့်အထိ ပြန်လည်ရောက်ရှိစေသည့် တစ်ခုတည်း သော နိုင်ငံဖြစ်သည်။

တရုတ်နှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများတွင် စက်တင်ဘာ ၅ ရက်တွင် ပြီးဆုံးခဲ့သော ကျန်းကျန်မြို့၌ ပြလုပ်သည့် တရုတ်-စင်္ကာပူ“Exercise Cooperation-2024” စစ်ရေးလေ့ကျင့်မှု၊ ဇူလိုင်လတွင် ပြုလုပ်ခဲ့သည့် လာအို-တရုတ် “Friendship Shield-2024”စစ်ရေးလေ့ကျင့်မှုနှင့် မေလတွင် ပြုလုပ်ခဲ့သည့် တရုတ်-ကမ္ဘောဒီးယား “Golden Dragon-2024” စစ်ရေးလေ့ကျင့်မှုတို့ ပါဝင်သည်။

တရုတ်နှင့်ထိုင်းတို့သည် ဘန်ကောက်မြို့တော်ရှိ Udorn တော်ဝင်ထိုင်း လေတပ်စခန်းတွင် “Falcon Strike-2024” ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို သြဂုတ်လက လုပ်ဆောင်ခဲ့သည်။

Source: SCMP