CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၇

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာဇော်မြင့်မောင်၏ စျာပနာကို မန္တလေးတိုင်းဒေသကြီး၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့က တာ၀န်ရှိသူများသည် အောက်တိုဘာ ၇ ရက်နေ့က လာရောက်၍ သတင်းမေးခဲ့ကြောင်း သိရသည်။

ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အောက်တိုဘာ ၇ ရက်နေ့ နံနက် ၃ နာရီက ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာ ‌ရောဂါခံစားနေရသူဖြစ်ပြီး အောက်တိုဘာ ၅ ရက်နေ့က မန္တလေး ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေစဉ် သတိလစ်မေ့မျောခဲ့ရာမှ အောက်တိုဘာ ၇ ရက်နေ့ နံနက် ၃ နာရီ မှာ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

 ဒေါက်တာဇော်မြင့်မောင် စျာပန အခမ်းအနားကို လာရောက်ခဲ့သည့် မန္တလေးတိုင်း၀န်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ကို တွေ့ရစဉ် (VOM)

ဒေါက်တာဇော်မြင့်မောင် မကွယ်လွန်ခင်မှာ နစက-က ဖမ်းဆီးထားမှုကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင့် အောက်တိုဘာ ၆ ရက်နေ့မှာ အကြောင်းကြားခဲ့ကြောင်း သိရသည်။

ဒေါက်တာဇော်မြင့်မောင်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်၀ါရီ ၁ ရက်က NLD ပါတီကို မြန်မာ့တပ်မတော်က ၂၀၂၀ ရွေး ကောက်ပွဲ မဲစာရင်း အငြင်းပွားမှု မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချလိုက်ပြီးနောက် ဖမ်းဆီးခံခဲ့ရပြီးနောက် ထောင်ဒဏ် ၂၉ နှစ်ချမှတ်ခံခဲ့ရသည်။