CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၄

ကရင်အမျိုးသားအစည်းအရုံး(KNU)ဒုဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန်သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၄ ရက်တွင် ထိုင်း-မြန်မာနယ်စပ် တစ်နေရာမှာ ကွယ်လွန်သွားကြောင်း နီးစပ်သူများထံမှ သိရသည်။

နော်စီဖိုးရာစိန်သည် KNU ဥက္ကဋ္ဌဟောင်း တာမလာဘော၏ သမီးဖြစ်ပြီး ၁၉၅၅ ခုနှစ်တွင် ကရင်ပြည်နယ်၌ မွေးဖွားခဲ့သည်။ 

ထို့နောက် ကျောင်းဆရာမအဖြစ် ၁၉၉၅ ခုနှစ်အထိ လုပ်ကိုင်ခဲ့ပြီး ၁၉၈၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ကရင်အ မျိုးသမီးဒုက္ခသည်များအား ကူညီဆောင်ရွက်ပေးသည့် ကရင်အမျိုးသမီးအစည်းအရုံးတွင် အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။

နော်စီဖိုးရာစိန်ကို တွေ့ရစဉ် (ဧရာ၀တီ)

အလားတူ ကရင်အမျိုးသားအစည်းအရုံး(KNU)တွင် ဒုဥက္ကဋ္ဌအဖြစ် ၂၀၁၂ ခုနှစ်က နော်စီဖိုးရာစိန် ရွေးချယ် တင်မြှောက်ခံခဲ့ရပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ ပါဝင် ဆောင်ရွက်ခဲ့သည်။

နော်စီဖိုးရာစိန်သည် KNU အတွင်းမှာ သဘောထား တင်းမာသူအဖြစ် ကျော်ကြားလှပြီး မြန်မာ့တပ်မတော် အပေါ် သံသယကြီးသူအဖြစ်လည်း ထင်ရှားကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လုပ်ကိုင်ခဲ့သူများက ပြောသည်။