CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂ 

မြန်မာနိုင်ငံအတွက် မာဒေးကား ချန်ပီယံဖလား ဆွတ်ခူးပေးနိုင်ခဲ့တဲ့ မြန်မာ့လက်‌ရွေးစင် ကစားသမားဟောင်း ဦးစည်သူဝင်း ကွယ်လွန်သွားတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

၂၀၀၆ ခုနှစ်မှာ မာဒေးကား ချန်ပီယံဖလား ဆွတ်ခူးခဲ့တာ အပါအဝင် မြန်မာ့လက်ရွေးစင် အသင်းအတွက် ကြိုးစား ပေးခဲ့တဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဦးစည်သူဝင်းဟာ စက်တင်ဘာ ၁ ရက်နေ့မှာ ကွယ်လွန်သွားတယ်လို့ သိရပါ တယ်။

ဦးစည်သူဝင်း (မြန်မာ့လက်ရွေးစင်ဟောင်း) ကွယ်လွန်ချိန်မှာ အသက် (၄၇) နှစ်ရှိပြီဖြစ်ပါတယ်။

ဦးစည်သူဝင်းအတွက် ဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ထားစဥ်

သူကွယ်လွန်သွားခဲ့တဲ့အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ထို့အတူ မြန်မာလက်ရွေးစင်နဲ့ မကွေးအသင်း၊ ဇေယျာရွှေမြေအသင်းတို့ရဲ့ တိုက်စစ်မှူး‌ဟောင်း ဖြစ်ခဲ့တဲ့ ဦးစည်သူဝင်း ကွယ်လွန်သွားတဲ့အတွက် မြန်မာနေရှင်နယ်လိဂ်ကလည်း ကြေကွဲဝမ်းနည်းရကြောင်း ထုတ်ပြန် ထားပါတယ်။