CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၆
ယာယီသမ္မတ ဦးမြင့်ဆွေသည် ကျန်းမာရေးကောင်းမွန်မှု မရှိဘဲ ယနေ့ (ဩဂုတ် ၆ ရက်) နံနက်ပိုင်းက ကွယ်လွန် သွားပြီးဆိုသော သတင်းများထွက်ပေါ်လာခြင်းမှာ မှန်ကန်မှုမရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြု ပြောကြားသည်။
ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေး မကောင်းဘဲ အထူးစိုးရိမ်ရသည့်အတွက် အမှတ် ၂ တပ်မတော် ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်ဆိုသော သတင်းမှာ မှန်ကန်မှုမရှိပါ။ ယခု အချိန်ထိ အမှတ် ၂ တပ်မတော် ဆေးရုံ၌ ဆေးကုသမှုခံယူနေပါသည်”ဟု အတည်ပြု ပြောကြားသည်။
ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေ အထူးစိုးရိမ်ဖွယ်ရာဖြစ်၍ အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှု ခံယူနေသည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၅ ရက်က သတင်း ထုတ်ပြန်ခဲ့သည်။
ထို့နောက် ယာယီသမ္မတ ဦးမြင့်ဆွေ ဩဂုတ် ၆ ရက်တွင် ကွယ်လွန်ကြောင်း သတင်းများ ထွက်ပေါ်လာခြင်းဖြစ် သည်။