CNI International News
ဝါရှင်တန်၊ စက်တင်ဘာ ၄
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Maduro) ၏ ဂျက်လေယာဉ်ကို အမေရိကန်က သိမ်းဆည်းခဲ့ ကြောင်း အမေရိကန်တရားရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်ဟု တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။
"နီကိုလပ်စ် မာဒူရို အပြင် ၎င်းနှင့်ဆက်နွှယ်သူများ၏ အကျိုးအတွက် ပျံသန်းနေသည့် Dassault Falcon 900EX လေယာဉ်ကို သိမ်းဆည်းကြောင်း ယနေ့တွင် တရားရေးဝန်ကြီးဌာနမှ ကြေညာလိုက်သည်"ဟု တရားရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။
အမေရိကန်၏ ပို့ကုန်ထိန်းချုပ်မှုနှင့် ပိတ်ဆို့မှုဥပဒေများကို ချိုးဖောက်မှုဖြင့် အမေရိကန်အစိုးရ၏ တောင်းဆိုချက် အရ ထိုလေယာဉ်ကို ဒိုမီနီကန် သမ္မတနိုင်ငံတွင် သိမ်းဆည်းလိုက်ခြင်းဖြစ်ပြီး ဖလော်ရီဒါ (Florida) တောင်ပိုင်း ခရိုင်သို့ လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
သိမ်းဆည်းခံလိုက်ရသော လေယာဉ်ကိုတွေ့ရစဉ်
နီကိုလပ်စ်မာဒူရိုနှင့် ၎င်း၏ ခရိုနီများအတွက် အမေရိကန်ပြည်ထောင်စုမှ ဒေါ်လာ ၁၃ သန်းဖြင့် ကြားခံကုမ္ပဏီ တစ်ခုမှတစ်ဆင့် တရားမဝင်ဝယ်ယူခဲ့သည့် ထိုလေယာဉ်ကို တရားရေးဝန်ကြီးဌာနက သိမ်းယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုလေယာဉ် သိမ်းယူမှုသတင်းကို CNN သတင်းဌာနက ပထမဆုံး ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။
Source: တာ့စ်