CNI News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၆

နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လူယုံ ၃ ဦးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ဒုတိယဗိုလ်ချုပ်ကြီးညိုစောတို့ကို ဗိုလ်ချုပ်ကြီး ရာထူးကို တိုးမြှင့်ပေးလိုက်ကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် တပ်မတော်စစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ်နှင့် နစက တွဲဖက်အတွင်း ရေးမှူး တာဝန်များကို ရယူထားသူဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးကတော့ နစက အတွင်းရေးမှူး တာဝန်အား ရယူထားသူဖြစ်သည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးညိုစောသည် နစကအဖွဲ့ဝင်၊ နစကဥက္ကဋ္ဌအကြံပေး၊ မြန်မာ့စီးပွားရေးကော်ပိုရေး ရှင်း(MEC)ဥက္ကဋ္ဌ စသည့် တာဝန်များကို ရယူထားသူဖြစ်သည်။

တပ်မတော်အငြိမ်းစား အရာရှိကြီးတစ်ဦးက “ ဒုတိယဗိုလ်ချုပ်ကြီး သုံးဦးကို ဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့် ခန့်အပ် လိုက်တာ ဟုတ်ပါတယ်။ ဒါပေမဲ့ တပ်မတော်မှာ ရာထူးခန့်အပ်ခြင်း တပ်မတော် Position ဆိုတာရှိဖို့လိုတယ်။ ဒါကြောင့် အခု ရာထူးတိုးခန့်အပ်လိုက်တဲ့လူတွေကို ဘယ်လိုပုံစံနဲ့ ရာထူးတိုးမြှင့် ခန့်အပ်လိုက်လဲတော့ မသိ ဘူး။ သို့သော် နစကဥက္ကဋ္ဌအကြံပေးပုဂ္ဂိုလ် အနေနဲ့ တာဝန်ပေးတာလည်း ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်”ဟု ပြောသည်။

နစကနှင့် မြန်မာ့တပ်မတော်ဘက်ကတော့ ဒုတိယဗိုလ်ချုပ်ကြီး ၃ ဦးကို ဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ခန့်အပ် လိုက်ခြင်းနှင့် ပတ်သက်ပြီး မွန်းလွဲ ၁၁ နာရီကျော်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေး။