CNI International News

ဘန်ကောက်၊ သြဂုတ် ၁၂

ထိုင်းနိုင်ငံတောင်ပိုင်းရှိ သူပုန်များသည် ကားဗုံးဖောက်ခွဲ တိုက်ခိုက်ရန်အတွက် ခိုးယူထားသော ကားများအစား အငှားမော်တော်ယာဉ်များကို ပြောင်းလဲအသုံးပြုလာကြသည်ဟု ထိုင်းတောင်ပိုင်းအခြေစိုက် အမှတ် ၄ စစ်တပ် အထူး ဒေသတပ်ဖွဲ့၏ တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး ဆန်တီဆာခွန်တာနက်(Santi Sakuntanark)က ပြောကြားခဲ့ ကြောင်းThai PBS World မှ ဖော်ပြခဲ့သည်။

ပတ္တာနီ (Pattani) မြို့၏ မူအန်း (Mueang) ရပ်ကွက် ငါးဖမ်းဆိပ်ခံတံတား တစ်ခုသို့သွားသော လမ်းပေါ်တွင် သြဂုတ် ၈ ရက်က ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။

ထိုတိုက်ခိုက်မှုတွင် အသုံးပြုထားသော ကားသည် ဆောင်ခလာ(Songkhla) မြို့ လိုင်စင်နံပါတ်ပြားနှင့်အတူ ဆူဖန်ဘူရီ(Suphan Buri) ပြည်နယ်၏ ဘန်ပလာမာ (Bang Pla Ma) ခရိုင်တွင် နေထိုင်သည့် အမျိုးသားတစ်ဦး ထံမှ ငှားရမ်းထားခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

တောင်ပိုင်းအခြေစိုက် အမှတ် ၄ စစ်တပ် အထူး ဒေသတပ်ဖွဲ့၏ တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး ဆန်တီဆာခွန်တာနက်ကို တွေ့ရစဉ်

လုံခြုံရေးအရာရှိများက ခိုးယူထားသောကားများကို ရှာဖွေနေမှု အပါအဝင် ထိုင်းနိုင်ငံ၏ တောင်ပိုင်းပြည်နယ် သုံးခုရှိ စီးပွားရေး အချက်အချာ ဒေသများတွင် လုံခြုံရေး တိုးမြင့်ချထားမှုသည် သူပုန်များအား ခိုးယူထားသော ကားများကို အသုံးပြု၍ ကားဗုံးဖောက်ခွဲအား အကြပ်တွေ့စေမည်ဖြစ်သလို အရင်းအမြစ်အသစ်များ ရှာဖွေရန် တွန်းအားတစ်ခု ဖြစ်စေလိမ့်မည်ဟု ဆာခွန်တာနက်က ပြောကြားခဲ့သည်။

ပတ္တာနီတွင် သြဂုတ် ၈ ရက်က ပေါက်ကွဲမှုဖြစ်စဉ် သုံးခုဖြစ်ပွားခဲ့ပြီး ဖြတ်သန်းသွားလာသူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း သတင်းအရင်းအမြစ်တစ်ခုက ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုသည် ယခုသီတင်းပတ်အတွင်း ယာလာ (Yala) ပြည်နယ်တွင် သူပုန် ၃ ဦးကို သတ်ဖြတ်မှုအတွက် လက်စားချေ တိုက်ခိုက်မှု ဖြစ်စဉ်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Source-Thai PBS World